Pages

Pages - Menu

Friday, June 20, 2014

ဝန်ကြီးဦးဆန်းဆင့်ကို ငွေအလွဲသုံးစားမှုနဲ့ တရားစွဲ

RangonNewsDaily:: June . 20 .2014
သာသနာရေးဝန်ကြီးဌာန ၀န်ကြီးဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးဌာနပိုင် ငွေကြေး ကျပ်ငွေ ၇၂ သိန်း အလွဲသုံးစားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကတရားလိုပြုလုပ်ပြီး တရားစွဲလိုက်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းက ပြောပါတယ်။
၂၀၁၃-၂၀၁၄ သာသနာရေးဝန်ကြီးဌာန ဘဏ္ဍာရေးနှစ်အတွက် ၀န်ကြီးဌာနရဲ့ လျာထားချက်မှာ မပါတဲ့ လယ်ဝေးမြို့နယ် ယက္ကန်းစင်တောင် နှစ်ကျိပ်ရှစ်ဆူ ဘုရားထီးတော်တင်ချိန်မှာ ဦးဆန်းဆင့်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မိသားစု အမည်နဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ ငွေကျပ်သိန်း ၁၀၀ ကိုသုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ် ဇန်န၀ါရီလအတွင်းက သာသနာရေးဝန်ကြီးဌာနကို ငွေကျပ် ၂၈ သိန်း ပြန်လည်သွင်းခဲ့တယ်လို့လည်း သိရပါတယ်။ 

ကျန်တဲ့ငွေ ကျပ် ၇၂သိန်းကို ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲတယ်ဆိုပြီး စ ၃ လုံးက တရားလိုပြုပြီး နေပြည်တော်ကောင်စီနယ်မြေ ဘုရားကုန်းရဲစခန်းမှာ တရားစွဲလိုက်တာ ဖြစ်ပါတယ်။

RFA , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment