Pages

Pages - Menu

Wednesday, June 25, 2014

နှစ်နိုင်ငံသင်္ဘောတွေတိုက်မိမှုတွေကို ပြသခဲ့သည့်ဗီယက်နမ်နိုင်ငံ


RangonNewsDaily:: June . 25 .2014
ဗီယက်နမ်အစိုးရပိုင်ရုပ်သံဌာနဟာ တောင်တရုတ်ပင်လယ်အတွင်း တိုက်မိခဲ့တဲ့ ဗီယက်နမ်သင်္ဘောနဲ့ တရုတ်သင်္ဘော တွေရဲ့ပုံတွေကိုထုတ်လွှင့်ပြသခဲ့တယ်လို့သိရပါတယ်။
ဗီယက်နမ်နိုင်ငံပိုင်ရုပ်သံဌာနဟာ တရုတ်သင်္ဘောနဲ့ ဗီယက်နမ်သင်္ဘောတွေ တောင်တရုတ်ပင်လယ်အတွင်းမှာ ၀င်တိုက်
မှုဖြစ်ပွားခဲ့တဲ့ဓါတ်ပုံတွေ ကိုပြသခဲ့ပြီး တရုတ်သင်္ဘောတွေဟာ ဗီယက်နမ်အစိုးရကကင်းလှည့် ရေယာဉ်ကို ၀ိုင်းရံပြီးရေ
ပိုက်တွေနဲ့ ထိုးခဲ့ကြတယ်လို့လည်းဗီယက်နမ်နိုင်ငံပိုင် ရုပ်သံဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဒဏ်ရာရသူတစ်ယောက်မှ မရှိခဲ့ဘူးလို့သိရပါတယ်။ သတင်းမှာ ပြသခဲ့တဲ့ ဓါတ်ပုံတွေမှာ တရုတ်နာမည်ရေး

ထားတဲ့သင်္ဘောက ဗီယက်နမ်သင်္ဘောကို ၀င်တိုက်ခဲ့တာကြောင့် ဗီယက်နမ် သင်္ဘောမှာ အပေါက်ကြီးဖြစ်သွားခဲ့တဲ့ပုံ
လည်း ပါဝင်ပါတယ်။ဒီဖြစ်ရပ်ဟာတရုတ်နိုင်ငံပိုင်ကုမ္ပဏီက ရေနံတူးစင်တည်ဆောက်ထားတဲ့ နေရာရဲ့အနောက်တောင်
ဘက်(၂၁)ကီလိုမီတာအကွာအဝေးမှာဖြစ်ပွားခဲ့တာပါ။

တရုတ်ကင်းလှည့် ရေယာဉ် အစင်း(၁၂၀)ခန့်ဟာ ရေနံတူးစင်တည်ဆောက်တဲ့နေရာမှာ ကင်းလှည့်နေတယ်လို့ ဗီယက်

နမ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ တရုတ်နဲ့ဗီယက်နမ်နှစ်နိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေဟာ ဟနွိုင်းမြို့မှာပြီးခဲ့
တဲ့တစ်ပတ်က ဆွေးနွေးမှုပြုလုပ်ခဲ့ကြပေမယ့် သဘောတူညီချက် မရရှိခဲ့ကြဘူးလို့ သိရပါတယ်။ 

ဒါ့အပြင်တရုတ်နိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုအရေးဆွေးနွေးဖို့အတွက် ဖိလစ်ပိုင်သမ္မတ အကွီနိုဟာ ဂျပန်
ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ အင်္ဂလန်မှာတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Source;Reuters , The Myanma Age , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment