Pages

Pages - Menu

Wednesday, June 4, 2014

တပ်မတော်နှင့် တအာင်း (ပလောင်) တပ်များ နှစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွား

RangonNewsDaily: June . 4 .2014
အစိုးရတပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA) တို့အကြား နှစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းထုတ်ပြန်မှုအရ သိရသည်။တပ်မတော် တပ်မ (၇၇)နှင့် TNLA တို့
သည် ဇွန် ၂ ရက်က ကျောက်မဲမြို့နယ်၊ ပါလိုင်ကျေးရွာအနီးတွင် ညနေ ၄ နာရီခွဲခန့်က တစ်ကြိမ်၊ ည ၉ နာရီခန့်က တစ်ကြိမ် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန် ၃ ရက် နံနက် ၉ နာရီခန့်တွင် တအာင်း (ပလောင်) ဒေသ နမ့်ခမ်းမြို့နယ်ရှိ နမ့်စိမ့်ကျေးရွာနှင့် စံကားကျေးရွာကြားတွင် မြန်မာ့တပ်မတော် တပ်မ (၈၈) နှင့် TNLA တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က အကျအဆုံး ရှိခဲ့သည်ဟု သိရကြောင်း TNLA ဒုတိယဥက္ကဋ္ဌ တာဂျုတ်ဂျားက ပြောကြားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရခြင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လှုပ်ရှားနေသော ၎င်းတို့တပ်နှင့် ပန်ဆေးဒေသမှ ပြန်လာသော တပ်မတော်တို့ ထိပ်တိုက်တွေ့ကာ ဖြစ်ပွားရသည်ဟု သိရကြောင်းနှင့် ၎င်းတို့ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း TNLA ဒုတိယဥက္ကဋ္ဌ တာဂျုတ်ဂျားက ပြောကြားသည်။

“ဒီနေ့ နမ့်ခမ်းမှာ နမ့်စိမ့်ကျေးရွာနားမှာ ဖြစ်ကြတာ။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူး။ သူတို့ဘက်ကိုတော့ သေချာ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

အစိုးရနှင့် တအာင်း (ပလောင်) တပ်များသည် လက်ဖက်ရွှေဖီခူးချိန်ဖြစ်သည့် မတ်လနှင့် ဧပြီလ အစောပိုင်းတွင်သာ တိုက်ပွဲအား ရပ်နားခဲ့ပြီး ဧပြီ ၂ဝ ရက် နောက်ပိုင်းမှစကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုများ ရှိလာခဲ့ကြောင်း သိရသည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့မှာ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးသည့် အဖွဲ့များဖြစ်ကြောင်း သိရသည်။

Eleven Media , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment