တယ်လီနောမြန်မာက ဆမ်ဆောင်း(Samsung) ကုမ္ပဏီနှင့်ပူးပေါင်း၍ ဈေးနှုန်းသင့်သော ဟန်းဆက်များ ရောင်းချပေးသွားရန် သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြော
တယ်လီနော၏ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြည်သူများအား စတင်ပေးမည့်အချိန်တွင် ဆင်းမ်ကတ်များသာမကဘဲ ဈေးနှုန်းသင့်တင့်သော မိုဘိုင်းဟန်းဆက်များကိုပါ တွဲလျက် ရောင်းချပေးသွားရန်နှင့် အရောင်းမြှင့်တင်ရေးဆောင်ရွက်မူ
‘‘တယ်လီနောနဲ့ ဆမ်ဆောင်း ကဈေးကွက်ဝန်ဆောင်မှုကို လက်တွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပြီး အခုပူးပေါင်းမှုက မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုပြီးခိုင်မာလာစေ မှာ ဖြစ်ပါတယ်’’ ဟု Samsung Electronic မြန်မာ၏မန်နေဂျင်း ဒါရိုက်တာမစ္စတာနမ်ဆစ်အာက ပြောသည်။
တယ်လီနောမြန်မာအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ကျပ် ၁၅၀၀ ထက် မပိုသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင် ပိုက်ဆံကုန်မည်ကို စိုးရိမ်စရာမလိုသည့် ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေးသွားမည်ဟု ဆိုသည်။
ဆက်သွယ်ရေးအော်ပရေတာလိုင်စင်ရရှ
တယ်လီနောမြန်မာကုမ္ပဏီမှ ရန်ကုန်နှင့် မန္တလေးမြို့တွင်Data Center များ တည်ဆောက်ပြီး ဗီဒီယိုနှင့် အသံခေါ်ဆိုမှုများကို စမ်းသပ်ပြီးဖြစ်ရာ စက်တင်ဘာလတွင် မြန်မာနိုင်ငံရှိ မြို့ကြီးများကို အဓိကထား၍ 3G မိုဘိုင်း ဆင်းမ်ကတ်များ စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day Daily , KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment