Pages

Pages - Menu

Monday, June 23, 2014

သွေးဖောက်စရာမလို၊ဓာတ်ရောင်ခြည်မဖြတ်သန်းဘဲ မိနစ်ပိုင်းအတွင်း ခန္ဓာကိုယ်မှရောဂါဖြစ်နိုင်ခြေများကြိုတင်သိနိုင်


RangonNewsDaily:: June . 23 .2014
အမေရိကန်၊ ဂျပန်၊ ဂျာမနီ နိုင်ငံတို့မှ နောက်ဆုံးပေါ် ခေတ်မီ စက်ကြီးများဖြင့် သွေးဖောက်စရာ မလို၊ ဓာတ်ရောင်ခြည်
မဖြတ်သန်း ဘဲ မိနစ်ပိုင်းအတွင်း ခန္ဒာကိုယ်မှ ရောဂါဖြစ်နိုင်ခြေများကို ကြိုတင် သိရှိနိုင်ပြီး ရောဂါမဖြစ်အောင် ကြိုတင်
ကာကွယ်ရေး ကျန်းမာရေး အသိပေးသည့် ရွှေမိုးပွင့်အေး ကျန်းမာရေးစင်တာဖွင့်ပွဲကို ယမန် နေ့နံနက် ၈နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါ ရပ်ကွက် ၇၄လမ်းနှင့် ၇၅လမ်း ကြား ၃၂x၃၃လမ်းကြား အမှတ် (၂ဝ၂/က)တွင် ကျင်းပသည်။

ကျန်းမာရေးစင်တာတွင် ဦးနှောက်ပိုင်းဆိုင်ရာရောဂါများ၊ အာရုံကြောဆိုင်ရာ ရောဂါများ၊ နှလုံးအားနည်းခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန် မမှန်ခြင်း၊ အသည်းနှင့်ဆိုင်သောရောဂါများ၊ ကျောက်ကပ်နှင့် ဆိုင်သောရောဂါများ၊ အစာ
အိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါ များ၊ အရိုးပွကျီးပေါင်းတက် အရိုး အဆစ်ဆိုင်ရာ ရောဂါများ၊ ဆီးချို၊ သွေးချို၊ လေဖြတ်ဝေဒနာရှင်များ၊ သွေးကြောဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါ ဖြစ်နိုင်ခြေများ ကာကွယ်ကုသနိုင်ကြောင်း သိ
ရ သည်။

The Union Daily , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment