RangonNewsDaily:: June . 19 .2014
နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဇွန်လ ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
သမ္မတ၏ အကြံပေးအဖွဲ့အဖြစ် ယခင်က နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေအဖွဲ့သုံးဖွဲ့ထားရှိရာမှ ယခုအမိန့်စာအရ အကြံပေးအဖွဲ့သုံးဖွဲ့ ထပ်မံ တိုးချဲ့ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ထပ်မံတိုးချဲ့ဖွဲ့စည်းခန့် အပ်လိုက်သော အဖွဲ့များမှာ သာသနာရေးအကြံပေးအဖွဲ့၊ ကျန်းမာရေးအကြံပေးအဖွဲ့၊ ပညာရေးအကြံပေးအဖွဲ့တို့ဖြစ်သည်။
သာသနာရေးအကြံပေးအဖွဲ့တွင် ယခင်သာသနာရေးပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးမြင့်မောင်အား အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ အငြိမ်းစားသံအမတ်ကြီးတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးစိန်ဝင်း အောင်အား အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးခန့်အပ်ထားသည်။
::
ထို့အပြင် ကျန်းမာရေးအကြံပေးအဖွဲ့တွင် အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာအား ခန့်အပ်သည်။ ပညာရေးအကြံပေးအဖွဲ့တွင် ယူနီဆက် မှ အငြိမ်းစားဝန်ထမ်းဖြစ်သူ ဒေါက်တာဒေါ်ရင်ရင်နွယ်အား အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ သမ္မတ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံ ပေးကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာကျော်ရင်လှိုင်အား အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးခန့်အပ်ခဲ့သည်။
မူလက ဖွဲ့စည်းထားပြီးဖြစ်သော စီးပွားရေးအကြံပေးအဖွဲ့တွင် အငြိမ်းစားညွှန်
ကြားရေးမှူးချုပ်ဖြစ်သူ ဦးတင်ထွဋ်ဦးကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းခန့် အပ်ထားသည်။
::
သမ္မတသက်တမ်းသုံးနှစ်နှင့် တစ်လကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သော သမ္မတဦးသိန်းစိန်တွင် အထက်ပါအကြံပေးအဖွဲ့များအပြင် သမ္မတ၏ အမျိုးသား စီးပွားရေး၊ လူမှုရေးအကြံပေးကောင်စီလည်းရှိသည်။
ဓာတ်ပုံ- သမ္မတရုံး
7Day Daily ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment