Pages

Pages - Menu

Sunday, June 8, 2014

တိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူ အမျိုးသမီးတစ်ဦးသေဆုံးလျက်တွေ့ရှိ

RangonNewsDaily: June . 8 .2014
၆.၆.၂၀၁၄ ရက်နေ့ ၁၁၁၅ အချိန်တွင် လမ်းမတော်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် လမ်းမတော်မြို့နယ်၊ (၁၁)ရပ်ကွက်၊ လမ်းသစ်ရိပ်သာတွင် အပုပ်နံ့ရကြောင်း
သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းရိပ်သာရှိ တိုက်ခန်းတွင်နေထိုင်သော ဒေါ်ကျင်မြ၊ (၇၄)နှစ်အားပြင်ပဒဏ်ရာမရှိဘဲ အိပ်ယာပေါ်တွင် ပက်လက်အနေ
အထားဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။
၎င်းသည် အဆိုပါတိုက်ခန်းတွင်တစ်ဦးတည်းနေထိုင်သူဖြစ်ပြီးသွေးတိုးရောဂါရှိ
သူတစ်ဦးဖြစ်ကြောင်း စုံစမ်း သိရှိရပါသည်။
::
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လမ်းမတော်မြို့မရဲစခန်းသေမှုသေခင်းအမှတ်
စဉ် (၁၁/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment