Pages

Pages - Menu

Sunday, June 8, 2014

တောင်ငူမြို့ အစာ အဆိပ်သင့်မှုတွင် ကလေးငယ်များ စားသော နန်းပြားသုပ်တွင် ဗက်တီးရီးယား ပိုး(၂) မျိုး တွေ့ရှိ

RangonNewsDaily: June . 8 .2014
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် (၂၂) ရပ်ကွက် ၀က်ကုန်းလမ်းရှိ ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ ကလေးများ ဂေဟာ
၌ မေလ (၁၉) ရက်နေ့ က ဖြစ်ပွားခဲ့သော အစာ အဆိပ်သင့်မှုတွင် ကလေးငယ်များ စားသော ဆန်ပြားသုပ်၌ ဗက်တီးရီး
ယားပိုး နှစ်မျိုး ပါဝင် နေကြောင်း တောင်ငူ ဆေးရုံကြီး မှ သိရသည်။
ဆန်ပြားသုပ် ထဲမှာ ပါတဲ့ ပိုးနှစ်မျိုးမှာ တစ်မျိုးက အဆိပ် ဖြစ်စေတယ်။ တစ်မျိုးက ၀မ်းပျက်ဝမ်းလျှော အော့အန်တာတွေ ဖြစ်စေတယ် ဟု တောင်ငူ ဆေးရုံကြီးမှ လက်ထောက် ဆေးရုံအုပ် ဒေါက်တာကြည်သာစိုးက ဓာတ်ခွဲခန်း ရလဒ်ကို ကိုး
ကား၍ The Messenger သတင်းစာသို့ ပြောသည်။ အဆိုပါ ဗက်တီးရီးယားပိုး နှစ်မျိုးမှာ E-coli ဟု အတိုကောက် ခေါ်သော Escherichia coli ပိုးနှင့် staphylococcus ပိုးတို့ ဖြစ်ကြောင်း သိရသည်။

မေလ (၁၉) ရက် နေ့က ဇေယျာသီရိ အမျိုးသမီး မိဘမဲ့ ကလေးများ ဂေဟာတွင် ဆန်ပြားသုပ် နှင့် ဒီးဒို အချိုရည်များကို စားသောက် ပြီးနောက်တွင် ကလေးငယ်များ မူးဝေ အော့အန်ခြင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစာ အဆိပ်သင့် မှုကြောင့် သုံးနှစ် အရွယ်မှ (၁၅) နှစ်အရွယ် အထိ ကလေးငယ် ပေါင်း (၆၈) ဦးနှင့် လူကြီး ခြောက်ဦးတို့ကို တောင်ငူ ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရကြောင်း သိရသည်။
::
ဓာတ်ခွဲခန်း အဖြေအရ ကလေးငယ်များ စားသော ဆန်ပြားသုပ်တွင် ဗက်တီးရီးယားပိုးများတွေ့ ရသော်လည်း ၎င်း တို့ သောက်သော ဒီးဒို အချိုရည်တွင်မူ ဗက်တီးရီးယားပိုး မတွေ့ရကြောင်း သိရသည်။ 

ထို့အပြင် ယခုဖြစ်ပွားသော အစာအဆိပ်သင့်မှုမှာ ချက်ပြုတ်ရာတွင် မသန့်ရှင်းခြင်း၊ ရေမ သန့်ရှင်းခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း ဒေါက်တာ ကြည်သာစိုးက သုံးသပ်သည်။ ယခုအခါ အဆိုပါ မိဘမဲ့ကျောင်းတွင် ကျန်းမာရေး ပညာပေးမှု များ၊ သောက်သုံးရေ သန့်ရှင်းရေးများ ကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။
::
ယခုနှစ် မေလ (၃၁) ရက်နေ့ ကလည်း မြစ်သား မြို့နယ်တွင် မင်္ဂလာဆောင်၌ ကျွေးသော နတ်သုဒ္ဓါ ဒံပေါက် စားရာမှာ လူ(၁၈၀) ကျော် အစာ အဆိပ်သင့် ခဲ့ပြီး၊ ဧပြီလ (၁၉) ရက်နေ့ ကလည်း အလှူပွဲတွင် ကျွေးသော သင်္ကြန် ထမင်းစားရာမှ ကရင်ပြည်နယ်၊ မြ၀တီ မြို့နယ်၌ လူပေါင်း (၂၀၀) ကျော် အစာအဆိပ်သင့်ခဲ့ ရကြောင်း သိရသည်။ 

ထို့အပြင် ဖေဖော်ဝါရီလ (၁၁) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း မြို့နယ်တွင် ဂေါ်ဖီသုပ် စားရာမှ လူ (၃၀

)ကျော် အစာအဆိပ်သင့်ခဲ့ပြီး၊ လူနှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာများ၏ ဖော်ပြချက် အရ သိရသည်။

Messenger News ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment