Pages

Pages - Menu

Tuesday, June 10, 2014

မန္တလေးတွင်ကိုယ်ပိုင်အိမ်မရှိသူများအတွက် အိမ်ရာအကောင်အထည်ဖော်မည်

RangonNewsDaily: June . 10 .2014
မန္တလေးမြို့တွင် အခြေ ချအလုပ်လုပ်ကိုင်နေသော်လည်း ကိုယ်ပိုင်အိမ် မရှိသေးသူများ အတွက် အခန်းပေါင်းလေးရာ ကျော်ပါဝင်သည့် အိမ်ရာတည် ဆောက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်ကြီးတံခွန်မြို့နယ် မြ ရည်နန္ဒာမြို့သစ်တွင် လေးခန်း တွဲ၊လေးထပ်အဆောက်အအုံ၂၇ လုံးကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ကျပ်သိန်းပေါင်းခြောက် သိန်းကျော် အကုန်ကျခံကာ ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည် ဆောက်ရန် တိုင်းဒေသကြီးအစိုး ရအဖွဲ့ထံမှ ခွင့်ပြုမိန့်ကျလာပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူးဦးကျော်ကျော်လင်း ကပြောသည်။

‘‘စည်ပင်ကလုပ်တဲ့ တန်ဖိုး နည်းအိမ်ရာနဲ့ကပ်လျက်က ခုနစ်ဧကရှိတဲ့မြေပေါ်မှာဆောက်မှာ’’ဟု ၎င်းကပြောသည်။

မန္တလေးမြို့တွင် အခြေချနေထိုင်ပြီး ပုံမှန်ဝင်ငွေရရှိသည့် အလုပ်လုပ်ကိုင်နေသူများကို အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းမခွဲခြားဘဲ ကိုယ်ပိုင်အိမ်ရာမရှိ သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း၊ ရောင်းချမည့်ပုံစံနှင့်ဈေး နှုန်းကိုမူတည်ဆောက်မှုများပြီးစီးမှသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်မည့်အိမ်ရာ များမှာ မန္တလေးစည်ပင်က တည် ဆောက်နေသည့် တန်ဖိုးနည်းအိမ် ရာများထက် ပိုမိုကျယ်ဝန်းပြီး ကားပါကင်၊ ပန်းခြံ၊ လျှောက်လမ်းများပါဝင်မည်ဖြစ်၍ တန်ဖိုးနည်းအိမ်ရာများထက် ဈေးနှုန်းပိုမြင့်မည်ဖြစ်ကြောင်း ဦးစီးမှူးဦးကျော်ကျော်လင်းက ပြော သည်။

7day daily , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment