Pages

Pages - Menu

Thursday, June 19, 2014

အီရန်နှင့်ပွဲတွင် ကစားကွက်ပြောင်းလဲရန် နည်းပြဆာဘယ်လာအား မက်ဆီ တိုက်တွန်း


RangonNewsDaily:: June . 18 .2014
အာဂျင်တီးနားအသင်း တိုက်စစ်မှူး လီယွန်နယ်မက်ဆီ က စနေနေ့တွင် အီရန်အသင်းနှင့် ကစားရမည့်ပွဲ၌ ပွဲထွက်ကစား ကွက် ပြောင်းလဲရန် နည်းပြဖြစ် သူအား တိုက်တွန်းလိုက်သည်။
အာဂျင်တီးနားနည်းပြ ဆာဘယ် လာသည် ဘော့စနီးယားနှင့် ကစားခဲ့သောပွဲ ပထမပိုင်းတွင် ၅-၃-၂ ကစားကွက်ဖြင့် အ သင်းကို နေရာချခဲ့သည်။ ၁-၀ ဂိုးဖြင့် ဦးဆောင်နေနိုင်သော်လည်း ဒုတိယပိုင်းတွင် တိုက်စစ်ပိုမို ထိရောက်လာနိုင်ရေး ဆာဘယ်လာ က ၄-၃-၃ ကစားကွက်ကို ပြောင်းလဲကစားခဲ့ရာ မက်ဆီနှင့် အဂူရိုတို့ ပို၍အခွင့်အရေးရရှိခဲ့ သည်။ မက်ဆီမှာ တစ်ကိုယ်တော် အစွမ်းဖြင့် ဂိုးတစ်ဂိုးသွင်းယူပြီး ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဘာစီလိုနာကြယ် ပွင့် မက်ဆီက ခြေစစ်ပွဲစဉ်တစ် လျှောက်လုံး အသုံးပြုခဲ့သည့် တိုက်စစ်ပိုအားပြုသော ကစား ကွက်ကို ဆက်လက် အသုံးပြုရန် ဆာဘယ်လာကို တိုက်တွန်းလိုက် သည်။ ‘‘တိုက်စစ်မှူးတွေဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ အဲဒီစနစ်ကို ပဲ ကြိုက်တယ်။

ကျွန်တော်တို့အ တွက် တိုက်စစ်အခွင့်အရေး ပိုရှိ လာစေတဲ့အတွက်ကြောင့်ပါ။ အဲ ဒီစနစ်ကို အသုံးမပြုရင် ကျွန်တော်တို့ နည်းနည်းဒုက္ခရောက်တယ်’’ ဟု မက်ဆီက ပြောကြားသွား သည်။

ထို့အတူ နည်းပြဆာဘယ် လာကလည်း ၄-၃-၃ကစားကွက်မှာ ၎င်း၏ ကြယ်ပွင့်ကစားသမား အတွက် အထောက်အကူ ဖြစ်စေ ဟု ၀န်ခံသည်။

Today Myanmar , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment