Pages

Pages - Menu

Monday, June 23, 2014

လစ်လျူရှု့ခံနေရသော ပြည်သူတို့ရဲ့ တိုင်ကြားချက်


RangonNewsDaily:: June . 23 .2014
(9.6.2014)ရက်၊ တနင်္ဂနွေနေ့၊ နံနက်(9း17)နာရီိအချိန်ခန့်တွင် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အင်းတကော်ရဲစခန်းရှေ့
ရှိ မော်တော် ဆိုင်ကယ် ဖမ်းဆီးရေး အဖွဲ့၏ တာဝန်ထက်ကျော်လွန်၍မင်းမဲ့စရိုက် ဆန်ဆန် ဖမ်းဆီးမှုများပြုလုပ် ခဲ့
သဖြင့် ကျမဒေါ်ဝင်းကြည်၏သားဖြစ်သူ ကိုမင်းမင်းငယ် (ဘ)ဦးတင်မြင့် အသက်(34)နှစ်သည် မော်တော်
ဆိုင်ကယ်
 ဖမ်းဆီးသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပါသည်။

ဖြစ်စဉ်မှာ သားဖြစ်သူ ကိုမင်းမင်းငယ်နှင့် သူငယ်ချင်းဖြစ်သူကို ပြူးကျယ် ဆိုသူတို့ ပဲခူးမြို့မှအင်း တကော်မြို့သို့ ပြန်လာခဲ့ရာ ဆိုင်ကယ် ဦးထုပ် မဆောင်းသဖြင့် အင်းတကော် ရဲစခန်းရှေ့တွင် မော်တော်ဆိုင်ကယ် ဖမ်း
ဆီးရေးအဖွဲ့မှ ရဲတပ်ကြပ် စိုးကြည်သည် ကျမဒေါ်ဝင်းကြည်၏သားဖြစ်သူမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နောက်တွင် လိုက်ပါ စီးနင်းလာသည့် ကိုပြူးကျယ်အားနောက်မှ လှမ်းဆွဲပြီး ကိုမင်းမင်းငယ်၏ မျက်နှာအား ရဲများဆောင်းသည့် ဦးထုပ်ဖြင့် လှမ်းရိုက်ခဲ့ရာ ဆိုင်ကယ်မှာ ဟန်ချက်ပျက်
ပြီး ဆိုင်ကယ်အရှိန် မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော ကျောက်တင် ကားဖြင့် ၀င်တိုးမိပြီး ကားအမိုးနှင့် ဆက်စပ်လျှက်ရှိသော ဟင်ဂလန်ချောင်းနှင့် ၀င်ဆောင့်ကာ ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပါသည်။

(11.6.2014)ရက်နေ့တွင် ကျမဒေါ်ဝင်းကြည်မှ အင်းတကော်ရဲစခန်းတွင် သားဖြစ်သူ ကိုမင်းမင်းငယ်သေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ကြပ်ကြီး စိုးကြည်အား ဥပဒေအရ
အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ယနေ့ အချိန်ထိ အမှုဖွင့်အရေး
ယူဆောင်ရွက်ပေးခဲ့ခြင်းမရှိပါ။
::
တာဝန်ရှိသူများဘက်မှ လူမှုရေးအရဖြေရှင်းရန်ကြိုးစားအားထုတ်နေပြီး ဥပဒေကိုမျက်
ကွယ်ပြု၍ မသိကျေးကျွန်ပြုနေပါသည်။

သို့ဖြစ်ပါ၍ ကျမ၏သားဖြစ်သူ ကိုမင်းမင်းငယ်သေဆုံးမှုသည် မော်တော် ဆိုင်ကယ်ဖမ်း
ဆီးရေးအဖွဲ့မှ ရဲတပ်ကြပ်ကြီးစိုးကြည်၏ တာဝန်ထက်ကျော်လွန်သည့် မင်းမဲ့စရိုက်ဆန်
ဆန် ဆိုင်ကယ်အား ဖမ်းဆီးခဲ့သဖြင့် သေဆုံး ရခြင်းဖြစ်သည့်အတွက် ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရဲစခန်းရှိ ရဲတပ်ကြပ်ကြီး စိုးကြည်နှင့် တာဝန်ရှိသူများကို ဥပဒေအရ
ထိရောက်စွာအရေးယူပေးပါရန်သက်ဆိုင်ရာ နိုင်ငံတော်အကြီးအကဲများထံ မေတ္တာရပ်
ခံတင်ပြတိုင်ကြားအပ်ပါသည်။
::
ဒေါ်ဝင်းကြည်(ဘ)ဦးကံဆင် ::--
မှတ်ပုံတင်အမှတ် ၇/ပခန(နိုင်)363161
အမှတ်(၈)ရပ်ကွက်၊ ဦးကြွယ်ကုန်းအပိုင်၊ ပဲခူးမြို့နယ်၊အင်းတကော်မြို့။
ဆက်သွယ်ရန် - ကိုစန်းနိုင်- ဖုန်း-09400509600

No comments:

Post a Comment