ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်များဖမ်းဆီး
အရေးယူနိုင်ရေးအတွက် ၂၀.၆.၂၀၁၄ ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ်၊ အနော်ရထာလမ်းနှင့် ကုန်ဈေးတန်းကားမှတ်
တိုင်၌စောင့်ကြည့် သတင်းစုံစမ်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စောင့်ကြည့်နေစဉ် ၁၇၀၀ အချိန်ခန့်၌ မှတ်တိုင်သို့ဆိုက်ရောက်လာသည့် အမှတ်(၃၅) ယာဉ်လိုင်း ခရီးသည်တင်
ယာဉ်ပေါ်မှဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ရွှေပြည်သာ မြို့နယ်နေ ၀တုတ်(ခ)အောင်ကျော်စိုး(ခ)
ထွန်းအောင်ကျော်၊ (၃၉)နှစ်၊ (ဘ)ဦးအေးမြင့်အား တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ၎င်း၏ကျောပိုး အိတ်အတွင်းမှ ငွေ
ကျပ်(၁၁၆၀၀)ကိုတွေ့ရှိရပြီးယာဉ်ပေါ်ပါအမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ နှိုက်ယူရရှိခဲ့သော ငွေများဖြစ်
ကြောင်း သိရှိရသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၂၀၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ပါ
သည်။
::
ဆက်လက်၍ ၁၇၅၀ အချိန်တွင် အဆိုပါမှတ်တိုင်၌ အမှတ်(၃၃)ယာဉ်လိုင်း ခရီးသည်တင်ယာဉ် ပေါ်မှဆင်းလာသော
ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ သင်္ဃန်းကျွန်းမြို့နယ်နေ ငြိမ်းမောင်(ခ) မျိုးမင်းထိုက်၊ (၃၃)နှစ်၊ (ဘ)ဦးသိန်းဇံအားတွေ့
ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ၎င်း၏ကျောပိုးအိတ်အတွင်းမှ ငွေကျပ်(၃၅၂၀၀)ကိုတွေ့ရှိရပြီးယာဉ်ပေါ်ပါအမျိုးသမီးတစ်
ဦး၏ စလင်းဘက်အိတ်အတွင်းမှ နှိုက်ယူရရှိခဲ့သောငွေများဖြစ်ကြောင်း သိရှိရသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)
၂၀၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ရဲဇာနည် ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment