မက်ဆီ အီရန်ဘက်သို့တစ်လုံးတည်းသောအနိုင်ဂိုးသွင်းအပြီး အသင်းဖော်များနှင့်အတူအောင်ပွဲခံနေစဉ်(Photo:AFP)
RangonNewsDaily:: June . 22 .2014အုပ်စု(F) ပွဲစဉ်ဖြစ်သည့် အာဂျင်တီးနားနှင့် အီရန်အသင်းတို့၏ပွဲတွင်မူ နာမည်ကြီး အာဂျင်တီးနားအသင်းမှာ အသင်း
ခေါင်းဆောင် မက်ဆီ (၉၁)မိနစ်တွင် ဂိုးဧရိယာအပြင်ဘက်မှကန်သွင်းခဲ့သည့် သွင်းဂိုးတစ်ဂိုးဖြင့်သာ အနိုင်ရခဲ့သည်။
အာဂျင်တီးနားတိုက်စစ်တွင် မက်ဆီ၊ ဟီဂူအင်၊ အဂူရိုစသဖြင့်လူစုံနီးပါးပါဝင်ခဲ့သော်လည်း စိတ်ကြိုက်ဂိုးသွင်းခွင့်မရရှိခဲ့
ဘဲ အီရန်အသင်း၏ တန်ပြန်တိုက်စစ်ဆင်မှုတွေကိုလည်း မနည်းထိန်းယူခဲ့ရသည်။ အာဂျင်တီးနားအနေဖြင့် ခက်
ခက်ခဲခဲအနိုင်ယူခဲ့ရသော်လည်း ယခုနိုင်ပွဲကြောင့် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။
ပွဲရလဒ်
အာဂျင်တီးနား ၁-၀ အီရန်
EMG , KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment