Pages

Pages - Menu

Wednesday, June 25, 2014

မရဏအုပ်စုမှာ ပထမရခဲ့တဲ့ ကော်စတာရီကာ

စတာရစ်ခ်ျ၏ ထိုးဖောက်မှုကို ကော်စတာရီကာဂိုးသမားကာကွယ်နေစဉ် (Photo-AFP)
RangonNewsDaily:: June . 25 .2014
ဥရုဂွေး၊ အီတလီတို့အား နှစ်ပွဲဆက်အနိုင်ရခဲ့သည့် ကော်စတာရီကာအသင်းသည် အင်္ဂလန်အသင်းကို သရေကစားပြီး ယခုကမ္ဘာ့ဖလားပြိုင်ပွဲ၏ မရဏအုပ်စုတွင် အုပ်စုပထမနေရာကို ရယူနိုင်ခဲ့သည်။
အင်္ဂလန်အသင်းသည် ယခုပွဲစဉ်တွင် ပွဲထွက်ကစားသမား(၉)ဦးအထိ အပြောင်းအလဲလုပ်ကစားခဲ့သော်လည်း ယခင်
ပွဲများကဲ့သို့ပင် ကစားပုံတက်မလာခဲ့သလို၊ တိုက်စစ်မှူး စတာရစ်ခ်ျကလည်း အပိုင်ဂိုးသွင်းခွင့်များကို ဖြုန်းတီးပစ်ခဲ့သည်။

ဒုတိယပိုင်းတွင် အင်္ဂလန်အသင်းလူစားလဲမှုများပြုလုပ်ခဲ့ပြီး ရွန်နီ၊ ဂျရတ်၊ စတာလင်တို့ကို ထည့်သွင်းကစားခဲ့သော်လည်း ကော်စတာရီကာခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့ခြင်းကြောင့် သရေတစ်မှတ်သာ ရရှိပြီး အုပ်စုအောက်ဆုံးနေရာဖြင့်သာ

 အိမ်ပြန်ခဲ့ရသည်။

Eleven , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment