RangonNewsDaily:: June . 22 .2014
ဂါနာနဲ့ ပွဲမှာ ချေပဂိုး သွင်းပေးခဲ့တဲ့ ကလိုဆေးဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူထားတဲ့ဘရာဇီး
တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ စံချိန်ကို အမှီလိုက်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၆၉မိနစ်မှာ ဂေါ့ဇီနေရာလူစားဝင်ကစားတဲ့ ကလိုဆေးဟာ နောက်(၂)မိနစ် အကြာမှာ တိုနီခရူးစ်ရဲ့ ပြစ်ဒဏ်ဘော
ကန်ချက်ကနေ ဟိုဝီဒက်စ်ရဲ့ ခေါင်းတိုက်တာကိုပြေးဝင်ပိတ်သွင်းခဲ့တာပါ။
ဒီအတွက် ကလိုဆေးရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးက (၁၅)ဂိုးအထိ ရှိသွားခဲ့ပြီး ဂျာမနီ တိုက်စစ်မှူး ဂတ်မူလာရဲ့ (၁၄)ဂိုးစံချိန်
ကို ကျော်ဖြတ်နိုင်ခဲ့သလို ရော်နယ်ဒိုရဲ့ စံချိန်ကို အမှီလိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကလိုဆေးဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ(၄)ရပ်ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ကစားသမားအဖြစ် မှတ်
တမ်းဝင်သွားခဲ့ပါတယ်။
ဘရာဇီး တိုက်စစ်မှူးဟောင်းပီလီနဲ့ အနောက်ဂျာမနီတိုက်စစ်မှူး အူဝီဆီလာတို့ဟာ (၁၉၅၈)ကနေ (၁၉၇၀) ကမ္ဘာ့ဖလား
ပြိုင်ပွဲအထိ ပြိုင်ပွဲ(၄)ရပ်ဆက် ဂိုးသွင်းနိုင်ခဲ့ကြပြီး ကလိုဆေးကတော့ (၂၀၀၂)ကမ္ဘာ့ဖလားကနေ (၂၀၁၄)ကမ္ဘာ့ဖလား
အထိ ဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တာပါ။
Football Café , KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment