Pages

Pages - Menu

Friday, June 27, 2014

ရန်ကုန်-ပြည်လမ်းမပေါ်တွင် ယာဉ်ရှစ်စီးဆင့်တိုက်မှု မွန်းလွဲတစ်နာရီခွဲအထိ အမှုမဖွင့်ရသေး


RangonNewsDaily:: June . 27 .2014
 ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တိုင်းလွှတ်တော်ရုံးအရှေ့ ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ဆူးလေးဘက်သို့ သွားသည့်
ယာဉ်ကြော ယာဉ်ရှစ်စီး ဆင့်တိုက်မှု ဇွန်လ ၂၇ရက် နံနက် ၁၀နာရီခွဲက ဖြစ်ပွားခဲ့သော်လည်း မွန်းလွဲ တစ်နာရီခွဲ
သည်အထိ အမှုဖွင့်နိုင်ခြင်း မရှိသေးဟု ဒဂုံမြို့မ ရဲစခန်းက တာဝန်ကျရဲတပ်သား တစ်ဦးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ဆီက စခန်းမှူးနဲ့တာဝန်မှူး ဖြစ်တဲ့နေရာကို သွားပြီးစစ်ဆေးနေပါတယ်။ သူတို့ ပြန်မရောက်သေးတော့ အမှုမဖွင့်ရသေးပါဘူး။ ယာဉ်တိုက်မှုကြောင့် လူသေတာတော့မရှိပါဘူး"ဟု ဒဂုံမြို့မရဲစခန်းက တာဝန်ကျရဲတပ်သား
တစ်ဦးကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားပုံမှာ လင်ခရူဆာဆိုက်ကနက်စ် ကိုယ်ပိုင်ယာဉ်တစ်စီးသည် အရှိန်လွန်ကာ ရှင်စောပုမီးပွိုင့်တွင် မီးပွိုင့်မိ၍ရပ်ထားသည့် ယာဉ်ရှစ်စီးကိုဆင့်တိုက်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မီးပွိုင့်တွင်ရပ်ထားသည့်ကိုယ်ပိုင်ယာဉ်ခြောက်စီးနှင့် အငှားယာဉ်နှစ်စီး ပျက်ဆီသွားခဲ့ပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး ဒဂုံမြို့မရဲစခန်းက ယာဉ်မဆင်ခြင်မောင်းနှင်သူ လင်ခရူဆာ ဆိုက်ကနက်စ် ကိုယ်ပိုင်ယာဉ်မောင်းကို စစ်ဆေးလျှက်ရှိသည်ဟု အထက်ပါရဲစခန်းကသိရသည်။

ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်း လွှတ်တော်ရုံးရှေ့ ဆူးလေဘက်သွားမည့် ယာဉ်ကြောတွင် ယာဉ်ရှစ်စီး ဆင့်တိုက်မှု ဇွန်လ ၂၇ရက်၊ နံနက် ၁၀နာရီခွဲခန့်က ဖြစ်ပွားစဉ် (ဓာတ်ပုံ- ရဲဟိန်း၊မဇ္ဈိမ)

Mizzima , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment