Pages

Pages - Menu

Thursday, June 26, 2014

ဆွာရက်ဇ်ကိုက်လို့ ဘွတ်ကီဒိုင် ပေါင် ၄၄၀၀၀ လျှော်ခဲ့ရ


RangonNewsDaily:: June . 25 .2014
အီတလီကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အီတလီ ခံစစ်မှူး ချီရယ်လီနီကို ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ် ကိုက်ခဲ့တယ်ဆို
တဲ့ အကြောင်းအရာက ဒီနေ့အတွက် ရေပန်းအစားဆုံး သတင်းပါပဲ။
အင်္ဂလန်ဘက်ကို (၂)ဂိုးသွင်းတဲ့ ဆွာရက်ဇ်ကို အင်္ဂလန် မီဒီယာတွေကလည်း သဲသဲမဲမဲ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ချီ
ရယ်လီနီကို ဆွာရက်ဇ် ကိုက်လို့ အမြတ်ထွက်ခဲ့တဲ့သူတွေလည်း ရှိပါတယ်။

ပြိုင်ဘက် ကစားသမားတွေကို ဆွာရက်ဇ် ကိုက်၊ မကိုက်ဆိုတာနဲ့ ပတ်သက်ပြီး အွန်လိုင်းဘွတ်ကီဒိုင် Betsson က ၁၇၅

/၁ လေးနဲ့ ကမ္ဘာ့ဖလား မတိုင်ခင် လောင်းကြေးဖွင့်ခဲ့ပါတယ်။ အဲဒီဖွင့်လှစ်မှုအတွက် လောင်းကြေးထပ်ခဲ့သူ (၁၆၇)ဦး ရှိခဲ့ပါတယ်။ အဲဒါကြောင့် ချီရယ်လီနီကို ဆွာရက်ဇ် ကိုက်ခဲ့ပြီးနောက်မှာ ဘွတ်ကီဒိုင်က ပေါင် ၄၄၀၀၀ လျော်ပေးသွားခဲ့
ပါတယ်။ အများဆုံးအနိုင်ရသူက ပေါင် ၂၀၀၀ ပါ။

ချီရယ်လီနီက သူ့ပုခုံးမှာ ဆွာရက်ဇ် သွားရာ ထင်နေတာကို ပြသခဲ့ပေမယ့် ဖီဖာကတော့ အဲဒီကိစ္စအတွက် စုံစမ်းစစ်ဆေး

မှုတွေ ပြုလုပ်နေဆဲပါပဲ။ အတည်ပြု ဆုံးဖြတ်နိုင်ခြင်းမရှိသေးပါဘူး။ ဆွာရက်ဇ်အနေနဲ့ အေဂျက်စ်၊ လီဗာပူးတို့အတွက် ကစားခဲ့စဉ်တုန်းကလည်း ပြိုင်ဘက်တွေကို ကိုက်ခဲ့တဲ့ မှတ်တမ်းရှိနေပါတယ်။ 

ချီရယ်လီနီကို ကိုက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရင် ဆွာရက်ဇ်အနေနဲ့ (၂၄)ပွဲပယ် ပြစ်ဒဏ် ဒါမှမဟုတ် (၂)နှစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရဖို့ ရှိနေပါတယ်။

(ရိုးရာလေး) , 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment