Pages

Pages - Menu

Saturday, June 7, 2014

ဧရာဝတီဂျာနယ် အမှတ် ၂၃၏ မျက်နှာဖုံးဓာတ်ပုံနှင့် ဓာတ်ပုံဆရာ၏ ခံစားချက်


RangonNewsDaily: June . 7 .2014
ယခုအပတ် မျက်နှာဖုံးက ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ဒါပိုင်ဒုက္ခသည် စခန်းက အာဟာ ရချို့တဲ့ ပြတ်လပ်လို့ သေ
ဆုံးခါနီး အမြွှာကလေးငယ် ၂ ဦးနဲ့ မိခင်တို့ရဲ့ ဓာတ်ပုံပါ။ ဒီဓာတ်ပုံကို ရိုက်တာ သတင်းဌာန ဓာတ်ပုံသတင်းထောက် မင်းဇေယျာဦးက ပြီးခဲ့တဲ့ဧပြီလအတွင်း ရိုက်ယူ ခဲ့တာပါ။

ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး မင်းဇေယျာဦးက "ဓာတ်ပုံတွေ တပုံပြီးတပုံ၊ သတင်းတွေ တပုဒ်ပြီး တပုဒ် ရိုက်ယူကျော်လွန်
သွားပေမယ့် တချို့ဓာတ်ပုံတွေကတော့ ကျနော့်စိတ်ထဲမှာ စွဲမြဲစွာ အမှတ် ထင်ထင် ကျန်ရစ် နေခဲ့တတ်ပါတယ်။ 

ဒီ ရိုဟင်ဂျာ မိခင်နဲ့ သူ့ရဲ့ အာဟာရချို့တဲ့နေတဲ့ ကလေး ငယ်နှစ်ဦး ဓာတ်ပုံကို ကျနော်ရိုက်ခဲ့တာ တလတောင်လွန်ခဲ့ပါပြီ။ ဒီဓာတ်ပုံက နိုင်ငံတကာ သတင်း စာ၊ မီဒီယာတချို့နဲ့ ကျနော့် စိတ်နှလုံးထဲမှာ ကျန်ရှိနေသေးပေမယ့် ဓာတ်ပုံထဲက အမြွှာ

ပူးကလေး ငယ်နှစ်ဦးကတော့ ဆုံးပါးသွားခဲ့ပါပြီ။
::
မြန်မာနိုင်ငံမှာ သူတို့ကို လက်မခံချင်ကြတဲ့အတွက် ဒီထက် ပိုသင့်လျော်တဲ့နေရာကို ရှာဖွေဖို့ထွက်သွားခဲ့တယ်လို့ပဲ ကျနော်ထင်မှတ်မိပါတယ်။ သူတို့ ငြိမ်းချမ်း ရာမှာ အနားယူနေနိုင်ပါစေလို့ ကျနော်ဆုတောင်းမိပါတယ်" လို့ ဧရာဝတီကို ပြောဆိုသွားခဲ့ ပါတယ်။

ဧရာဝတီ ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment