Pages

Pages - Menu

Monday, June 16, 2014

သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် အကူအညီပေးရန် နိုင်ငံတကာသို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို


RangonNewsDaily:: June . 16 .2014
ဇွန်လ ၁၄ ရက်က ခတ္တမန္ဒူမြို့ သမ္မတအိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် ဒေါ်အောင် ဆန်းစုကြည်က တောင်းဆိုကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။ 
လွန်ခဲ့သော ခြောက်နှစ်က စစ်ဘက်ကရေးဆွဲခဲ့သော အခြေ ခံဥပဒေအရ လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ တွင် ဒေါ်အောင်ဆန်းစုကြည်သမ္မတနေရာဝင်ရောက်ယှဉ်ပြိုင် ခြင်းမှ ပိတ်ပင်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မ တနေရာယှဉ်ပြိုင်ခြင်းမှ ထိထိ ရောက်ရောက်ပိတ်ပင်ထားသော အခြေခံဥပဒေပုဒ်မ၅၉(စ)ကိုပြင် ဆင်ခြင်းမပြုရန် ပြည်ထောင်စု လွှတ်တော်အခြေခံ ဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီက ကော်မတီအ တွင်း မဲခွဲဆုံးဖြတ်ရာ မပြင်လို သော မဲကပိုများပြီး မပြင်ရန်ဆုံး ဖြတ်ခဲ့သည်။

ယင်းမဲခွဲမှုတွင် မ ပြင်လိုသောမဲ ၂၆မဲရှိပြီး ငါးမဲသာ ပြင်ရန်မဲပေးခဲ့သည်ဟုကော်မတီ ၀င်အချို့ကို ကိုးကား၍ မီဒီယာ များကဖော်ပြသည်။

၂၀၀၈ ခုနှစ် အခြေခံဥပ ဒေတွင် ဇနီး၊ခင်ပွန်းနှင့်သားသမီး များ နိုင်ငံခြားသားများ ဖြစ်နေ သော မည်သူ့ကိုမဆို နိုင်ငံကိုဦး ဆောင်ခြင်းမှ ပိတ်ပင်ထားသည်။

နီပေါနိုင်ငံသို့ အလည်အ ပတ်ခရီးတွင် မိမိအနေဖြင့်လွတ် လပ်၍တရားမျှတခြင်းသာမကဘဲ စစ်မှန်သောဒီမိုကရက်တစ်ရွေး ကောက်ပွဲများတွင်ပါဝင်ယှဉ်ပြိုင် လိုသည်ဟု အခြေခံဥပဒေဆိုင်ရာ ညီလာခံတွင် ပါလီမန်အမတ်များ အားပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံဥပ ဒေကို ပြင်ဆင်ရေး ၎င်း၏လှုပ်ရှား မှုကို ရှင်းလင်းပြောကြားရင်း မျှ တသောရွေးကောက်ပွဲဆိုသည် မှာ မျှတစွာပါဝင်ခွင့်ဟု အဓိပ္ပာယ် ရကြောင်းပြောကြားသည်။

‘‘အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုဟာ လက်ခံမှုရရှိဖို့လို နေပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

‘‘ကမ္ဘာတစ်ဝန်းက ကျွန်မတို့ မိတ်ဆွေတွေအနေနဲ့ မြန်မာနိုင်ငံ က ဖြစ်ပေါ်တိုးတက်မှုတွေကို သ တိပြုနေကြပြီးစစ်မှန်တဲ့ နိုင်ငံရေး လိုအပ်ချက်တွေကနေ အာရုံလွှဲ သွားအောင် လုပ်နေတဲ့လူတွေရှိ တယ်ဆိုတဲ့ အချက်ကိုလည်း သ တိပြုရပါမယ်’’ဟု နှစ်ပေါင်းများ စွာနေအိမ်အကျယ်ချုပ်မှနေ၍ ၂၀၁၀ခုနှစ်တွင်လွတ်မြောက်လာ သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

Ref: AFP , 7Day Daily , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment