Pages

Pages - Menu

Wednesday, June 4, 2014

ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေ ပြင်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

လယ်ဝေးမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ (ဓာတ်ပုံ - NLD)
RangonNewsDaily: June . 4 .2014
ငြိမ်းချမ်းရေးမရှိလျှင် နိုင်ငံတွင် သာယာမှု၊ တိုးတက်မှုမရှိနိုင်သဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရန်အတွက် ဖွဲ့စည်း ပုံပြောင်းလဲရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
‘‘ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကြိုးစားဖို့က အဓိကပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက နောက် ထားလို့ရတယ်ဆိုတာ အဲဒါ တကယ်တော့ မပြင်ချင်လို့ပြောတာဆိုတာကို သေသေချာချာ နားလည်ပါလို့ ကျွန်မအနေနဲ့ ဆော်ဩချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မေလ ၃၁ ရက်က သမ္မတ ဦးသိန်းစိန် လစဉ်ရေဒီယိုမိန့်ခွန်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များထွက်ပေါ်လာမှ ဖွဲ့စည်းပုံပြင်ရန် လုပ်သင့်သည်ဟု ပြောဆိုခဲ့သည်။

‘‘နားမယောင်ပါနဲ့။ ဖွဲ့စည်း ပုံပြုပြင်ရင် ဒီနိုင်ငံကို မတည်ငြိမ်မှုတွေရှိမယ်လို့ ပြောတဲ့လူစကား နားမထောင်ပါနဲ့။ အဲဒီလိုပြောတဲ့ ပုဂ္ဂိုလ်များက တကယ်မတည်ငြိမ်အောင်လုပ်ချင်လို့ပြောနေတာ မှတ်ထားပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)သည် နိုင်ငံရေးလုပ်ခဲ့ သည်မှာ (၂၆)နှစ်ရှိပြီဖြစ်ပြီး ယနေ့ထိ ခက်ခက်ခဲခဲလုပ်ဆောင် ခဲ့ရသည်ကို ညည်းညူပြောဆိုခြင်း မဟုတ်ဟု ဆိုသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲများကို မေလ ၁၇ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး လက်မှတ်ရေးထိုးလှုပ်ရှားမှုများ ကို ဇူလိုင် ၁၉ အထိ ပြုလုပ်သွား မည်ဖြစ်သည်။

ပုဒ်မ ၄၃၆ မပြင်လိုလျှင် မှန်ကန်သော နည်းလမ်းများဖြင့် ဆန့်ကျင်ရန်လိုပြီး အောက်တန်း ကျသည့် နည်းလမ်းများနှင့် လိမ် လည်လှည့်ဖြားသည့် နည်းလမ်း များမသုံးရန်လိုကြောင်း၊ ဒီမို ကရေစီနည်းကျကျ သဘောမတူ တာ ဘာကြောင့်ဘာကြောင့် စသည့် အချက်အလက်မှန်ကန်စွာဖြင့် တိုင်ပြီးကန့်ကွက်ရန်လိုကြောင်းလည်း ဆက်ပြောသည်။

ယနေ့ လယ်ဝေးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးဟောပြောပွဲအပြီးတွင်လည်း ယခင်စစ်အစိုးရလက်ထက် နိုင်ငံပိုင်သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်သည့် ဆောင်းပါးများရေးသားခဲ့သူ ငါးမင်းဆွေမှာ ပုဒ်မ ၄၃၆ ကို ကန့်ကွက်သည့် စာရွက်များဖြန့်ဝေခဲ့ သည်။

နေပြည်တော်ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများအား ပုဒ်မ ၄၃၆ ပြင်ရန် လက်မှတ်မထိုးဖို့ ညွှန်ကြားထားကြောင်း အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် ဇွန်လ ၁ ရက် နံနက် တွင် နေပြည်တော်ရှိ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်းမြို့များတွင် ဆောင်ရွက်လျက်ရှိသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲများသို့ သွားရောက်ခဲ့သည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment