Pages

Pages - Menu

Tuesday, May 20, 2014

"One Lady Show လုပ်မယ့် ဝိုင်းစုခိုင်သိန်း"


RangonNewsDaily: May . 20 .2014
အမျိုးသမီး တေးသံရှင် ၁၂ ဦး ဖျော်ဖြေ တင်ဆက်တဲ့ The Dozen Ladies Show မှာ ပါဝင် ဖျော်ဖြေခဲ့ တဲ့ ဝိုင်းစုခိုင်သိန်း ကို ဒီပွဲမှာ ဖျော် ဖြေ တင်ဆက်ခဲ့ ရတဲ့ ခံစားမှု ကိုမေး တော့ “ဝိုင်းစုက အန်တီမေဆွိ နဲ့ အတ္တဆိုတဲ့
သီချင်းလေးကို အတူတွဲ ဆိုခဲ့ပါတယ်။ ကျန်တာကတော့ ဝိုင်းစု သီချင်းတွေပဲ ဆိုခဲ့ပါတယ်။ ဒီပွဲလေးက မြိုင်လည်း မြိုင်တယ်။ တအားလည်း ကောင်းပါတယ်။ ပရိသတ်တွေလည်း တော်တော် ကြိုက်ကြပါတယ်” လို့ ပြောပါတယ်။

ဒီဖျော်ဖြေပွဲကို MRTV-4 ရုပ်သံလိုင်းက ရိုက်ကူး ထုတ်လွှင့်ပြသခဲ့ ပါ တယ်။ တေးသံရှင် ၁၁ ဦး သီဆို ဖျော်ဖြေတာ ကို ပြသခဲ့ပေမယ့် ဝိုင်းစုခိုင်သိန်း သီဆို တင်ဆက်တာ ကို မပြသခဲ့ပါ ဘူး။ တေးသံရှင် နှစ်ဦးတွဲ သီဆိုတဲ့ အခါမှာ လည်း အသီးသီး သီဆိုကြတာ ကိုပြသပေမယ့် မေဆွိနဲ့ ဝိုင်းစုခိုင်သိန်းတို့ သီဆိုတာ မပြသခဲ့ပါ ဘူး။

 နောက် ဆုံး တေးသံရှင် ၁၂ဦးစလုံး Group သီဆိုတဲ့ အချစ်ဆို သည် မှာ သီချင်းမှာသာ ဝိုင်းစုခိုင် သိန်း ကို တွေ့လိုက် ရပါတယ်။

ဒါကြောင့် MRTV-4 ရဲ့ ရိုက်ကူးမှုမှာ မပါ ဝင်ဖြစ်ပုံ ကိုမေးတော့ ဝိုင်းစုခိုင်သိန်း က “ဝိုင်းစု One Lady Show လုပ်ဖို့ ရှိလို့ လွှင့်ခွင့် မပေးတာပါ။ သင်္ကြန်က လွဲပြီး ကျန်တာတွေ Live မပြဘူး။ အရင် တုန်းကလည်း မပြဘူး။ 


One Lady Show သီချင်းတွေ လည်း တိုက်ရဦးမယ်၊ အကတွေ လည်း တိုက်ရဦးမယ် ဆိုတော့ ဒီနှစ်ကုန်ပိုင်းတော့ ဖြစ်လိမ့်မယ်။ ဒါမှမ ဟုတ် နောက်နှစ် ဆန်းလောက် ဖြစ် လိမ့်မယ်။ ဒီကြားထဲမှာ နည်းနည်း လေ့ကျင့်တာတွေ လုပ်ဦးမယ်” လို့ပြော ပါတယ်။

ဝိုင်းစုခိုင်သိန်းက လတ်တလောမှာ စည်ဖြိုး နဲ့ ၂ ကား၊ နေမင်းနဲ့ ၁ ကား ရိုက်ကူး ဖို့ အတွက် ပြင်ဦးလွင် ကိုရောက်ရှိ နေပါတယ်။ ဖေ့စ်ဘုတ် Fan Page Like ၂ သိန်း ပြည့် အနေနဲ့ ပရိသတ် တွေနဲ့ တွေ့ဆုံ ဖို့အစီအစဉ် ဆွဲထားပုံ ကို မေးတော့ “ကားရိုက်က ဒီလပိုင်းက ပြင်ဦးလွင် မြို့မှာ ဖြစ်ဖြစ်နေ တယ်။ ရန်ကုန်မှာ ဆိုရင်ချိန်းလို့ လွယ်တယ် 
။ပြင်ဦးလွင် မြို့မှာ ဇာတ်ကား ရိုက်တာ လကုန် လောက်မှပြီးမှာ ဆိုတော့ နောက်လ ဆန်းလောက် မှာဖြစ်ဖြစ် စီစဉ်ဖြစ်မှာပါ” လို့ ပြောပါတယ်။

Popular Journal , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment