Pages

Pages - Menu

Tuesday, May 20, 2014

HIVပိုး ဆန့်ကျင်နိုင်သော ပရိုတင်းများကို သြစတေးလျ သန္တာကျောက်တန်းများတွင် တွေ့ရှိ


RangonNewsDaily: May . 20 .2014
HIV ဗိုင်းရပ်ကို ခုခံအား T ဆဲလ် တွေထဲကို ၀င်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်သောပရိုတင်းအမျိုးအစားများကို သြစတေး
လျနိုင်ငံရဲ့ ကမ်းလွန် သန္တာကျောက်တန်းတွေမှာ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။
ဒီသန္တာကျောက်တန်းကရတဲ့ ပရိုတင်းတွေကို လိင်ကိစ္စတွေမှာ အသုံး ပြုတဲ့ ချောဆီ၊ ကွန်ဒုံးတွေမှာထည့်သွင်းအသုံးပြု
ခြင်းအားဖြင့် HIV ပိုး ကူးစက်ခြင်းကို ရာခိုင်နှုန်းတစ်ခုအထိ လျှော့ချနိုင်မယ်လို့ ဆေးပညာ သတင်းတစ်ရပ်မှာ ဖော်ပြ
ထားပါတယ်။ 

သုတေသီ Barry O Keefe က ဒီလို အာနိသင်ရှိတဲ့ ပရိုတင်းကိုတွေ့ရှိတာ ပထမဆုံးအကြိမ် ဖြစ်ကြောင်းနဲ့ ယခု သန္တာ
ကျောက်တန်းမှရတဲ့ ပရိုတင်းကို cnidarins လို့ခေါ်ဆိုကြောင်း ရှင်းပြ ခဲ့ပါတယ်။

သြစတေးလျနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းလွန်ဒေသမှာ တွေ့ရှိရတဲ့ cnidarins မှာ အဲဒီလိုအာနိသင်ရှိကြောင်းကို သြ

စတေးလျနိုင်ငံ၊ အမျိုး သားကင်ဆာနဲ့ ဗိုင်းရပ်ပိုးဆိုင်ရာ အင်စတီကျုက သူ့မှာပါဝင်တဲ့ ထောင်နဲ့ချီတဲ့ သဘာဝပစ္စည်းတွေ
ကို စစ်ဆေးသုံးသပ်ပြီးမှ ယခုလိုကြေညာနိုင်ခြင်း ဖြစ်ပါတယ်။ ဒီပရိုတင်းက HIV ပိုး ကူးစက်ခြင်းနဲ့ ခုခံအားစနစ်ကို ထိုးဖောက်ဝင်ရောက်ခြင်းမှ ကာကွယ် နိုင်မှုတွေကြောင့် ကာကွယ်ဆေးများမှာလည်း အသုံးပြုနိုင်ချေ ရှိမရှိကို ဆက်
လက်လေ့လာနေကြပါတယ်။

Health Updates Journal , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment