RangonNewsDaily: May . 3 .2014
ဆံပင်ပဲ ညှပ်ပေးတာ မဟုတ် ပါဘူး။ နှုတ်ခမ်းမွေး လည်း ရိပ်ပေး ပါတယ်။ သူ့ အမည်က Anthoney Crymerys ဖြစ်ပြီး နယူးယောက်၊ Hartford မြို့ငယ် လေးမှာ နေထိုင် ပါတယ်။
အသက် ၈၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ မနက်တိုင်း ခုံတစ်လုံး၊ ဆံပင်ညှပ် ကပ်ကြေး၊ ဓား အစုံ သယ်လို့ အနီးနားက ပန်းခြံ တစ်ခုကို သွား ပါတယ်။ ပြီးတော့ သူ့ကို တန်းစီ စောင့်ဆိုင်း နေကြတဲ့ အိမ်ခြေ ရာမဲ့ ဆင်းရဲသား တွေကို ဆံပင်ညှပ်ပေး ပါတော့တယ်။ ဒီအတွက် အခကြေးငွေ တစ်ပြားမှ မယူ ပါဘူး။
သူ့ကို လက်ဆွဲ နှုပ်ဆက်ခြင်း၊ ထွေးပွေ့ခြင်းကိုသာ အခကြေးငွေ အဖြစ် သဘော ထားပြီး အိုးအိမ်မဲ့ ဆင်းရဲသား တွေကို ဆံပင်ညှပ် အလှူ ပြုလုပ် ပေးလျက် ရှိကြောင်း သိရ ပါတယ်။
.
Ref:dyknow
ရိုးရာလေး , KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment