Pages

Pages - Menu

Wednesday, May 7, 2014

ငွေကျပ် (၁၈၄၂)သိန်းခန့် တန်ဖိုးရှိ လက်ဝတ်ရတနာများနှင့် ငွေများခိုးယူခံရသည့် အမှုအား ဖော်ထုတ် ဖမ်းဆီးရမိ


RangonNewsDaily: May . 7 .2014
၂၆.၃.၂၀၁၄ရက်နေ့ ၂၄၀၀အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်နေရတနာကုန်သည် ဒေါ်နွယ်နွယ်ဦးသည် နေအိမ်အပေါ်
ထပ်တွင် ရတနာပစ္စည်းများကိုစစ်ဆေးပြီး ခရီးဆောင်အိတ် (၂)လုံး အတွင်းထည့်၍ အိပ်ယာဘေးတွင်ထားကာ ညအိပ်
ခဲ့ကြောင်း၊ 
၂၇.၃.၂၀၁၄ ရက်နေ့ ၀၅၀၀အချိန်ခန့်တွင် အိပ်ယာမှနိုးစဉ် ၎င်းခရီးဆောင်အိတ်(၂)လုံးမှာ ပျောက်ဆုံးနေသဖြင့်ရှာဖွေ
ရာ နေအိမ်အောက်ထပ်ရှိ မီးဖိုခန်းအတွင်း၌ ရတနာပစ္စည်းအချို့အား ပြန့်ကျဲနေသည်ကိုတွေ့ရပြီး စိန်၊ ရွှေ လက်ဝတ်
ရတနာပစ္စည်း မျိုးစုံ တန်ဖိုးငွေကျပ်(၁၈၄၂)သိန်းခန့်နှင့် ငွေကျပ်(၃၅)သိန်း၊ စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၈၇၇)သိန်းခန့် တို့မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် ခိုးယူသူကိုအရေးယူပေးရန်တိုင်တန်းချက်အရ စမ်းချောင်း မြို့မရဲစခန်း
(ပ)၁၄၇/၂၀၁၄၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ပြီး ခိုးမှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူ ဌာနစုမှတပ်ဖွဲ့

ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ၂၃.၄.၂၀၁၄ ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိရွှေဆိုင်တစ်ဆိုင်
သို့ မသင်္ကာဖွယ်အမျိုးသမီး(၂)ဦးမှ စိန်လက်ကောက်(၂)ကွင်း လာရောက်ရောင်းချသွားကြောင်းသတင်းရရှိသဖြင့် စုံစမ်း
စိစစ်ခဲ့ရာ
::
၎င်းပစ္စည်းများမှာ အမှုမှပျောက်ဆုံး သွားသောပစ္စည်းများဖြစ်ကြောင်း စိစစ်တွေ့ရှိရ၍ စောင့်ကြည့်စုံစမ်းခဲ့ရာ ၂၉.၄.၂၀၁၄ ရက်နေ့တွင် ၎င်းအမျိုးသမီး(၂)ဦးမှ အဆိုပါဆိုင်သို့ထပ်မံရောက်ရှိလာပြီး အမှုမှပျောက်ဆုံး
သွားသောရွှေ
ထည်ပစ္စည်း များကိုရောင်းချနေစဉ် ဖမ်းဆီးရမိခဲ့ပြီးစစ်ဆေးရာမှ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ မမြင့်မြင့်စန်း(ခ)ဥမ္မာ၊ (၄၂)နှစ်၊ (ဘ)ဦးမြ၀ိုင်းနှင့် မမြင့်မြင့်ထွေး၊ (၃၃)နှစ်၊ (ဘ)ဦးမြ၀ိုင်းတို့ညီအစ်မ(၂)ဦးဖြစ်ကြောင်းသိရှိရပါသည်။

ဖမ်းဆီးရမိသော မမြင့်မြင့်စန်း(ခ)ဥမ္မာနှင့် မမြင့်မြင့်ထွေးတို့(၂)ဦးအားစစ်ဆေးရာ ၎င်းတို့၏ညီမဖြစ်သူ မစိုးယုမော်၊(၂၈)နှစ်၊ (ဘ)ဦးမြ၀ိုင်းနှင့် ၎င်း၏ခင်ပွန်း ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်၊ (၂၇)နှစ်၊(ဘ)ဦးမာတင်၊ လေးထောင့်

ကန်စံပြကျေးရွာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူမှ လက်ဝတ်ရတနာပစ္စည်းအချို့ကို
ရောင်းချခိုင်းသဖြင့် ၁၅.၄.၂၀၁၄ရက်နေ့တွင်(၁)ကြိမ်၊ ၂၁.၄.၂၀၁၄ ရက်နေ့တွင်(၁)ကြိမ်၊
::
၂၃.၄.၂၀၁၄ရက်နေ့တွင်(၁)ကြိမ် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ ရွှေဆိုင်များတွင်ရောင်းချပေးခဲ့ကြောင်း၊ ၂၉.၄.၂၀၁၄ ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိရွှေဆိုင်တစ်ဆိုင်သို့ ထပ်မံလာရောက် ရောင်းချနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မစိုးယုမော်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာ အမှုမှ ပျောက်ဆုံးသွားသော စိန်ထည်ပစ္စည်းများအနက် အချို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ခင်ပွန်းဖြစ်သူ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်မှ ခိုးယူလာပြီးပေးအပ်ထားသောပစ္စည်းများ ဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပါသည်။
::
အမှုမှပြစ်မှုကျူးလွန်သူ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်ကိုဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ၁.၅.၂၀၁၄ ရက်နေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လေးထောင့်ကန်စံပြကျေးရွာရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့သဖြင့်စစ်ဆေးရာ ၎င်းမှာ ခိုးမှုဖြင့်ထောင်ကျနေစဉ်ထောင်အတွင်း၌ခင်မင်ရင်းနှီးခဲ့သူ စောမင်းဟန်နှင့်အတူ ရဲဘက်စခန်းမှထွက်ပြေးလာခဲ့ပြီး ၂၇.၃.၂၀၁၄ရက်နေ့ ၀၁၀၀အချိန်ခန့်တွင် အခင်းဖြစ်နေအိမ်သို့ ၀င်ရောက်၍ ခရီးဆောင်အိတ်အတွင်း
မှ ငွေနှင့်ရတနာပစ္စည်းများကိုခိုးယူခဲ့ကြကြောင်း၊

ငွေကျပ်(၂၅)သိန်းကို စောမင်းဟန်မှယူဆောင်သွားကြောင်းနှင့် ကျန်ငွေ နှင့်ရတနာ
ပစ္စည်းများကို ၎င်းမှယူဆောင်ခဲ့ပြီး ပစ္စည်းအချို့အား ဇနီးဖြစ်သူ မစိုးယုမော်ထံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
::
ပေါ်ပေါက်ချက်အရ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်၊ မစိုးယုမော်၊ မမြင့်မြင့်စန်း(ခ)ဥမ္မာနှင့် မမြင့်မြင့်ထွေး တို့(၄)ဦးထံရှိ အမှုမှပါဆုံးသွားသော ရတနာပစ္စည်းများနှင့် ၎င်းတို့ရောင်းချထားသည့် ရတနာပစ္စည်းများကို စိစစ်သိမ်းဆည်းခဲ့ရာ အမှုမှပျောက်ဆုံးသွားသော စိန်ထည်ပစ္စည်း(၁၅၂)မျိုးကို ပုံစံမပျက် ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူး
လွန်ရာ
တွင်အတူပါဝင်သူ စောမင်းဟန်အား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အမှုမှဖမ်းဆီးရမိသူ ဂေါက်သီး(ခ)ပြည့်ဖြိုးအောင်အား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေးရာ ၎င်းသည် ၂၀၁၄ ခုနှစ်၊ မတ်လအတွင်းက ညအချိန်များတွင် စမ်းချောင်းမြို့နယ်ရှိ နေအိမ်တစ်အိမ်အတွင်းသို့ဝင်ရောက်၍ ရွှေလက်စွပ်အသေး(၂)ကွင်း၊ လှိုင်မြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်အတွင်းသို့ဝင်ရောက်၍ ရွှေဆွဲကြိုး(၁)ကုံးနှင့် ဆွဲပြား

(၁)ခု၊ လှိုင်မြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်အတွင်းမှပင် ရွှေလက်စွပ်(၂)ကွင်း၊ ပုလဲ(၁)လုံးတို့အားခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အမှုများဖွင့်လှစ်ကာ ဆက်လက်အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police::-
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment