Pages

Pages - Menu

Sunday, May 18, 2014

ရာဇာမင်း ကားမှောက်မှုမှာ ထင်ရှားတဲ့ ခရစ်ယာန် ပန်းချီ၊ ပန်းပုပညာရှင် တဦးကွယ် လွန်


RangonNewsDaily: May . 18 .2014
နေပြည်တော်အမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ရာဇာမင်း ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုထဲမှာ ထင်ရှားတဲ့ ခရစ်ယာန် ကတ်သလစ် ပန်းချီ၊ ပန်းပု ပညာရှင်တဦးဖြစ်တဲ့ ဦးစောလူကားနဲ့ သူ့ရဲ့ တပည့် ၂ ဦးပါဝင်သွားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ရှိ ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်ကျောင်းတိုက်ဖြစ်တဲ့ စိန့်မေရီ ကျောင်းနဲ့ အခြားထင်ရှားတဲ့ ဘုရားကျောင်းတွေ အပါ အဝင် နိုင်ငံတဝှမ်းရှိ ခရစ်ယာန်ဘုရားကျောင်းတွေအတွက် ခရစ်တော်ပုံတွေ၊ မယ်တော်ဆင်းတုတော်ပုံတွေ၊ ရဟန္တာ ဆင်းတုတော် ပုံတွေနဲ့ လက်ဝါးကပ်တိုင်ပုံတွေအပါအဝင် ဘာသာရေးနဲ့ ပတ်သက်တဲ့ ပန်းချီ၊ ပန်းပုတွေကို သွန်းလုပ်ရေးဆွဲခဲ့သူ ဖြစ်ကြောင်း သိရပါတယ်။

"သူ့ရဲ့ပညာကလည်း အံမခန်းပါ။ မြန်မာပြည် တပြည်လုံးမှာရှိတဲ့ ခရစ်ယာန်ကျောင်းတွေမှာ အများသူငှာ ကြည်ညို သဒ္ဒါပွား နိုင်အောင်၊ ဝတ်ပြုကိုးကွယ်ခြင်းမှာ ပိုပြီးကောင်းအောင် သူတတ်သိခဲ့တဲ့ ပညာနဲ့ အလုပ်လုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သူဆုံး သွားတာ ကျနော်တို့ဘာသာဝင်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ" လို့ ခရစ်ယာန်သူတော်စင်ဂိုဏ်း က ကိုရင်ကြီး ဦးမောင်မောင် တင် က ဧရာဝတီကိုပြောပါတယ်။
::
ဦးစောလူကား နဲ့ တပည့်သုံးဦးဟာ လွိုင်ကော်မြို့မှာရှိတဲ့ ဘုရားကျောင်းတကျောင်းအတွက် ဆင်းတုတော် မွန်းမံဖို့ သွားပြီး အပြန် မေလ ၁၂ ရက်နေ့က ရာဇာမင်းကား တိမ်းမှောက်ရာမှာပါဝင်သွားခဲ့တာဖြစ်ပြီး ဦးစောလူကား၊ တပည့်ဖြစ်သူ ဦးစောချိုအေးနဲ့ စောဒါဝိတ်တို့ ဆုံးပါးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အတူလိုက်ပါလာတဲ့ ကျန်တပည့်ဦးကတော့ နေပြည်တော် ကုတင် တထောင်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်နဲ့ ဆေးကုသ နေပြီး စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့သိရပါတယ်။
::
ရာဇာမင်းကား တိမ်းမှောက်မှုမှာ ဦးစောလူကားတို့ သုံးဦးအပါအဝင် စုစုပေါင်း ၁၄ ဦး သေဆုံးသွားခဲ့ပြီး ၃၀ ဦးဒဏ်ရာရရှိ သွား ကြောင်း၊ ဒဏ်ရာရရှိသူတွေအနက် ၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ် နေရတဲ့ အခြေအနေမှာရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဦးစောလူကား ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပြီဖြစ်ပြီး ရုပ်ကလပ်ကို အင်းစိန်မြို့နယ် စိန်ပီတာ စိန်ပေါဘုရားကျောင်းမှာ ဈာပနအခမ်းအနားကျင်းပခဲ့ပြီး ဆုတောင်းခြင်း အခမ်းအနားတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
::
"ကျနော်တို့ရဲ့ ဘာသာ အယူဝါဒအတိုင်းဆိုရင် ဆုတောင်းမေတ္တာပို့သာ ပူဇော်ခြင်းကို သူ့အတွက် လုပ်ခဲ့ကြပါတယ်" လို့ ဦးမောင်မောင်တင် က ပြောပါတယ်။

ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာဝင် ၇၀၀ ကျော်တက်ရောက်ခဲ့ကြပြီး ဈာပန အခမ်းအနားကတဆင့် မေလ ၁၆ ရက်နေ့မှာ ရေဝေး ခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယာဉ်မှာ ပို့ဆောင်သဂြိုလ်ခဲ့ကြောင်း အဲဒီအခန်းအနားကို တက်ရောက်ခဲ့တဲ့ သီလရှင် စစ္စတာမေ ကလည်း ဧရာဝတီကိုပြောပါတယ်။

ဦးစောလူကား ဟာ ရန်ကုန်တိုင်း၊ ကြို့ပင်ကောက်ဇာတိဖြစ်ပြီး မြန်မာနိုင်ငံမှာ ၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ပန်းချီ သင်တန်းကို တက်ရောက်အောင်မြင်ခဲ့သလို ၁၉၆၈ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ပန်းပုပညာ သင်တန်းကို တက်ရောက် အောင်မြင်ခဲ့တယ်လို့သိရပါတယ်။
::
ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး တဦးရဲ့ ပံ့ပိုးမှုဖြင့် ၁၉၈၆ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ ပန်းပုပညာ သွားရောက် သင်ကြားခွင့် ရရှိခဲ့ပြီး ၁၉၇၄ ခုနှစ်မှ ကွယ်လွန်ချိန်အထိ ပန်းချီ၊ ပန်းပုပညာဖြင့် လုပ်ကိုင်ခဲ့ကြောင်း သိရပါတယ်။

အင်းစိန်မြို့နယ် စိန်ပီတာ စိန်ပေါ ဘုရားကျောင်းမှာပြုလုပ်တဲ့ ဈာပနအခမ်းအနားမှာတွေ့ရတဲ့ ဦးစောလူကားရဲ့ ရုပ်ကလာပ် 

ဓာတ်ပုံ - ဧရာဝတီ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment