Pages

Pages - Menu

Tuesday, May 20, 2014

မြစ်ဆုံစီမံကိန်းရပ်ရန် လမ်းလျှောက် ကန့်ကွက်သူများကို ဒေသခံများ အယုံအကြည်မရှိဟုဆို

RangonNewsDaily: May . 20 .2014
ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်စီမံကိန်းအပြီး တိုင်ရပ်ဆိုင်းရေး ရန်ကုန်မှ ကချင်ပြည်နယ် မြစ်ဆုံဒေသအထိ မတ်
လ၂၃ ရက်မှ စတင်ကာ လမ်းလျှောက်ဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစု ကော်မတီအဖွဲ့အား ဒေခံတိုင်းရင်းသားများက လုံးဝအယုံအကြည်မရှိကြောင်း မေ ၁၉ ရက် တွင် ဒေသခံတိုင်းရင်းသူ ဒေါ်ဂျာခေါန်
က မဇ္ဈိမကို ပြောသည်။

ဒေသခံများကို ဧရာဝတီမြစ်ဆုံရပ် ဆိုင်းရေးလမ်းလျှောက်ဆန္ဒထုတ်ဖော်သည့် ပထမအဖွဲ့မှ မြစ်ဆုံနှင့် အောင်မြေသာ
ရွာများတွင် သပိတ်စခန်းဖွင့်လှစ်ကာ မြစ်ဆုံအပြီးတိုင် ပိတ်သိမ်းရေး ဆန္ဒထုတ်ဖော်မည်ဆိုခြင်း၊ ဒုတိယအဖွဲ့ မှ မေလ ၁၈ရက်တွင် အစာငတ်ခံဆန္ဒထုတ်ဖော်မည်ဟုဆိုသော်လည်း China Power Investment (CPI) ကုမ္ပဏီနှင့် တွေ့ဆုံပြီး
နောက်ပိုင်းတွင် လုပ်ဆောင်ခြင်းမရှိဘဲ ပြန်သွားသည့်အတွက် ဒေသခံများက မကျေနပ်ခြင်းဖြစ်သည်။

ထို့ပြင် မြစ်ဆုံလမ်းလျှောက်သူများသည် ပိုက်ဆံရယူကာ လုပ်ဆောင်သူများဟု ကောလာဟလ ထွက်ပေါ်ခဲ့သည်ဟု ဒေ

သခံများက ပြောဆိုသကဲ့သို့ လမ်းလျှောက်ဆန္ဒပြသူများသည် လမ်းခရီးတွင် ကားဖြင့် တလှည့်သွားခဲ့ခြင်းများကိုလည်း ဝေဖန်မှုများရှိခဲ့သည်။

“ကျွန်မတို့ အစက သူတို့နဲ့ ပတ်သက်ပြီး ကောလာဟလတွေ ကြားခဲ့ပါတယ်။ မယုံကြည်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ယုံရ

မလိုဖြစ်နေပြီ။ သူတို့အဝေးကြီးက လာပြီး ဘယ်လိုလုပ်တာလဲ မသိဘူး။ တွေးမရအောင်ပါဘဲ။ နောက်ဒီလိုလာတဲ့ အဖွဲ့
တွေကို လုံးဝလက်မခံတော့ဘူး။ ယုံလည်းမယုံတော့ဘူး”ဟု ဒေါ် ဂျာခေါန်က မဇ္ဈိမကို ပြောသည်။

သို့သော် အဆိုပါလမ်းလျှောက်သူများနှင့် တိုင်းရင်းသားများအား ဆန္ဒပြပွဲဖြစ်မြောက်ရန် ဆောင်ရွက်ပေးခဲ့သည့် ရှေ့နေ

ဦးချမ်းအေးကမူ “တိုင်းရင်းသားတွေ အမြင်မှားတာ ဖြစ်ပါလိမ့်မယ်။ တိုင်းရင်းသားတွေ မပါရင်လည်း ဒီအလုပ်က လုပ်
လို့မရပါဘူး။ သူတို့သာ တကယ်မလုပ်ချင်ရင် မိုင်ပေါင်းများစွာ ဝေးတဲ့နေရာက ဘယ်လာပါ့မလဲ။ တိုင်းရင်းသားတွေ ဒီလောက်မြင်တတ်တာကိုပဲ ကျေးဇူးတင်ရမှာပါ” ဟု ပြောသည်။

မြစ်ဆုံအပြီးတိုင် ရပ်ဆိုင်းရေးလမ်း လျှောက်ဆန္ဒထုတ်ဖော်ကြသူများသည် အဖွဲ့နှစ်ဖွဲ့ကွဲကာ ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဦးရဲထွဋ်ခေါင်အဖွဲ့က မေလ ၇ ရက်တွင် လည်းကောင်း ၊ ဦးသီဟနှင့် နန္ဒခေါင်းဆောင်အဖွဲ့က မေ ၁၇ ရက်တွင် လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြသည်။ ရောက်ရှိသည့် မေလ၁၇ရက်တွင်ပင် CPI နှင့် တွေ့ဆုံခွင့်ရရှိခဲ့ပြီး ၎င်းတို့လုပ် ငန်းစဉ်များ ရပ်နားထားမှုကို တရားဝင် လေ့လာခွင့်ရခဲ့သည်ဟု ဦးချမ်းအေးက ပြောသည်။


ယင်းသို့ စီမံကိန်းရပ်ဆိုင်းရေး လမ်းလျှောက် ဆန္ဒပြသည့်အပေါ် ဝေဖန်မှုများနှင့် ဒေသခံများက အယုံအကြည်မရှိ ပြော

ဆိုနေခြင်းနှင့် စပ်လျဉ်းပြီး ဦးဆောင်သူများဖြစ်သည့် ကိုသီဟနှင့် ကိုနန္ဒတို့ထံ မေလ ၁၉ ရက်က တယ်လီဖုန်းအကြိမ်ကြိ
မ်ခေါ်ဆို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြလမ်းလျှောက်သည့် ပထမအဖွဲ့တွင် ၃၈ ဦး ပါဝင်ခဲ့ပြီး၊ ဒုတိယအဖွဲ့တွင် ၄၁ ဦး ပါဝင်ခဲ့သည်။

Mizzima , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment