Pages

Pages - Menu

Monday, May 26, 2014

နှလုံးသားနလန်အထကို စောင့်နေရသူ (ကဗျာ)


RangonNewsDaily: May . 26 .2014

အချိန်တွေ တတိတိနဲ့ ရွေ့လျား
ရင်ထဲမှာ အောင့်ထားမရတဲ့အရာ
သတိရမှု တမ်းတမှု ဒုနဲ့ဒေး
ရေငုံနှုတ်ပိတ် တိတ်တိတ်လေးနဲ
ခံစားလွန်းတော့ 
အလွမ်းတွေ ပိန်ကျလာပုံများ
ကိုယ်တိုင်ကလဲ တလိန်လိန်
နှလုံးသားထဲအိပ်မက် ဖော်ထုတ်ဖို့အတွက်
နှလုံးသားနလန်အထ ကိုစောင့်နေရသူပါ

အရာအားလုံး ပိန်လိန်ပြီး
ချုံးချုံးကျ ပြန်မရတဲ့အတွက်
စိတ်ကျခြင်းတွေ နလန်မထခြင်းတွေက
အသင်းဝင် တယောက်လို ရင်းနှီးစေခဲ့ပြီ

မိမိရဲ့ အကြည့်တို့ ခပ်နွမ်းနွမ်း
အပြုံး ကလဲ ခပ်နွမ်းနွမ်း
အားလုံး နွမ်းနေလဲ ချစ်သူကို ချစ်တဲ့ နှလုံးသား
လန်းဆန်းလတ်ဆပ်နေဆဲပါ

တိတ်ဆိတ်တဲ့အရပ်ဒေသ
အမှောင်ရိပ်တွေပေါလှတယ်
သောကများနေတဲ့ အတွေး
နွေးထွေးမည့်သူလဲ ဝေးလှတယ်

နောက်ကျောဆီကအလွမ်း
ရင်ဘတ်ထဲက လက်ရှိဒါဏ်ရာ
ဘယ်သူ သိပါ့မလဲကွယ်
ဇယားတွေ ခင်းပြီးရင်းခင်းနေလဲ

အမှားဆိုတဲ့ ကျင်းထဲက ပြန်မထွက်နိုင်
အောင်မြင်မှုတွေ ဆာတိုင်း
သတိရမှုတွေ ဆာတိုင်း
အပြုံးစစ်စစ်တွေကို ဆာတိုင်း
ဘာများကိုယ့်အတွက် အဟာရ ရှိသလဲကွယ်
နောက်ဆုံးတော့ ကဗျာတွေ တပုဒ်ပြီးတပုဒ် ငါ ရနေမိတာပါ။


စံပယ်ချို

KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment