လာအို ကာကွယ်ရေး ဝန်ကြီး၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
RangonNewsDaily: May . 17 .2014အခမ်းအနား တခု တက်ရောက်ဖို့ လာအို ကာကွယ်ရေး ဝန်ကြီး ပါဝင်တဲ့ လာအို လေတပ်လေယာဉ်တစီး ဒီကနေ့ စနေနေ့ မနက်ပိုင်းက ပျက်ကျသွားခဲ့လို့ ကာကွယ်ရေး ဝန်ကြီးအပါအဝင် အနည်းဆုံး လူ ၂၂ ဦး
သေဆုံးသွားပါတယ်။
သေဆုံးသွားသူတွေထဲမှာ လာအို ပြည့်သူ့ တော်လှန်ရေးပါတီ ထိပ်တန်း ခေါင်းဆောင်တွေလည်း ပါဝင်ပြီး ဒီမနက် လေယာဉ် ပျက်ကျမှုမှာ ၃ ဦးသာ အသက်ရှင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ပါတယ်။
လာအိုနိုင်ငံ ဒု ဝန်ကြီးချုပ်လည်း ဖြစ်၊ ကာကွယ်ရေး ဝန်ကြီးလည်းဖြစ် လာအို ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် လည်ြး ဖစ်သူ Douangchay Phichit ဟာ ပြည်သူ့ လုံခြုံရေး ဝန်ကြီး၊ ဗီယန်ကျန်း မြို့တော်ဝန် စတဲ့ သူတွေ နဲ့ အတူ နိုင်ငံရဲ့ အရှေ့မြောက် ပိုင်း ခရိုင်တခုနားမှာ ဒီမနက် ၆ နာရီ ကျော်လောက်က ပျက်ကျ သွား လို့ သေဆုံးသွားကြတဲ့ အကြောင်း ဘန်ကောက် ပို့စ် မှာ ဖော်ပြထားပါတယ်။
တာဝန် ရှိသူတွေကတော့ လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်သူတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပြီး ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စမ်းစစ်ဆေးဆဲ လို့ ပြောပါတယ်။
ဧရာဝတီ , KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment