Pages

Pages - Menu

Monday, May 5, 2014

ညအိပ်တည်းခိုသူ အမျိုးသား(၂)ဦးမှ အိမ်ရှင်ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကိုလုယူထွက်ပြေး

RangonNewsDaily: May . 5 .2014
၂.၅.၂၀၁၄ရက်နေ့ ၂၃၀၀အချိန် သာကေတမြို့နယ်နေ ကို----မှ ၎င်းသည်နေအိမ်တွင်ရှိနေစဉ် ယခင်က ခင်မင်ရင်းနှီးခဲ့သူ ဒဂုံမြို့
သစ်(တောင်ပိုင်း)မြို့နယ်နေသူများဖြစ်သောရဲရဲနှင့် ကျော်ကြီး ဆိုသူတို့(၂)ဦး ရောက်ရှိလာပြီး DJ တီးနည်းသင်ကြားရန်အတွက် နေအိမ်တွင်ညအိပ်ခဲ့ကြကြောင်း၊
၃.၅.၂၀၁၄ ရက်နေ့ ၀၂၄၅ အချိန်ခန့် အိပ်ယာမှလန့်နိုးစဉ် ရဲရဲနှင့်ကျော်ကြီးတို့မှာ အိပ်ယာထဲတွင်မရှိတော့ဘဲ ခြေရင်းဘက်ရှိဘီရိုအ
နီးတွင် ရောက်ရှိနေသည်ကိုတွေ့ရကြောင်း၊ ၎င်းမှ ဘာလုပ်တာလဲဟုမေးမြန်းခဲ့စဉ် ရဲရဲနှင့် ကျော်ကြီး တို့(၂)ဦးမှ ၀င်ရောက်လုံးထွေး
ပြီး ၎င်း၏လည်ပင်းတွင်ဝတ်ဆင်ထားသော အလေးချိန် (၁)ကျပ်(၃)မတ်သား ခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံး၊ကာလတန်ဘိုးငွေကျပ်(၉)
သိန်းခန့်အား ဆွဲဖြတ်ယူကာ ထွက်ပြေးသွားခဲ့ကြကြောင်း နှင့် ယင်းသို့ကျူးလွန်ခဲ့သူ ရဲရဲနှင့်ကျော်ကြီးတို့(၂)ဦးကို အရေးယူပေးရန်
တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ရဲရဲနှင့်ကျော်ကြီးတို့(၂)ဦးကို သာကေတနယ်မြေရဲစခန်း(ပ)၂၆၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှု

ဖွင့်ပြီး ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment