Pages

Pages - Menu

Thursday, May 22, 2014

ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချနေသည်ကိုတွေ့ရှိသဖြင့်အရေး ယူစစ်ဆေးရာမှ မော်တော်ယာဉ်များမှ ဘက္ထရီအိုး ခိုးယူခဲ့မှုများပေါ်ပေါက်


RangonNewsDaily: May . 22 .2014
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ
သည်
၁၇.၅.၂၀၁၄ရက်နေ့ ၀၇၀၀အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပျံ ရပ်ကွက်၊ အထည်အဟောင်းဆိုင်
များအနီး၌ ခိုးမှုပြစ်ချက်ဟောင်းရှိသူ

ခေါလေး(ခ)ဇော်ဝင်း၊(၃၅)နှစ်၊ (ဘ)ဦးမောင်မောင်၊ သာကေတမြို့နယ်နေသူမှ ဘက္ထရီအိုး(၂)လုံးအား မသင်္ကာဖွယ်လိုက်
လံရောင်းချ နေသည်ကိုတွေ့ရှိရပြီး ၎င်းထံမှ ကွင်း၊ဂွ(၂)ချောင်းတို့ကိုလည်းတွေ့ရှိရသဖြင့် စစ်မေးရာ အဆိုပါ ဘက္ထရီ
အိုးများကို ၎င်းပိုင်ဆိုင်ကြောင်းခိုင်လုံစွာပြောပြနိုင်ခြင်းမရှိသည့်အပြင် ကွင်း၊ဂွများမှာ မော်တော်ယာဉ်များမှက္ထရီအိုး
များဖြုတ်ခိုးရာတွင်အသုံးပြုသော ပစ္စည်းများဖြစ်ကြောင်းသိရှိရသဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၃၂၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၇၉/၅၄ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
::
၎င်းအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေးရာ ၂၀၁၄ ခုနှစ်၊ (၅)လပိုင်း အတွင်းက
 ရန်ကင်းမြို့
နယ်၊ မိုးကောင်းလမ်းတွင်ရပ်ထားသောဒိုင်နာယာဉ်(၄)စီးမှ ဘက္ထရီအိုး(၇)လုံးနှင့်သစ္စာလမ်း မီးရထားလမ်းကူးအနီးတွင်
ရပ်ထားသောဒိုင်နာယာဉ်(၁)စီးမှ ဘက္ထရီအိုး(၁)လုံးတို့ကို ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် ရန်ကင်းမြို့မရဲစခန်း

တွင် အမှုများဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် ၂၀၁၄ ခုနှစ်၊ (၄)လပိုင်းအတွင်းကလည်း တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းတွင်ရပ်ထားသော ဒိုင်
နာယာဉ်(၁)စီး
မှ ဘက္ထရီအိုး(၂)လုံး၊ သမိန်ဗရမ်းလမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၁)စီးမှ ဘက္ထရီ အိုး(၁)လုံး၊ 
::
စက်ရုံလမ်းဘေးတွင်ရပ်ထားသော ဒိုင်နာယာဉ်(၁)စီးမှ ဘက္ထရီအိုး၁)လုံး၊ ဣစ္ဆာသယ လမ်းတွင်ရပ်
ထားသော ဒိုင်နာ
ယာဉ်(၂)စီးမှဘက္ထရီအိုး(၃)လုံး၊ သြဘာလမ်းတွင်ရပ်ထားသောဒိုင်နာ ယာဉ်(၁)စီးမှ ဘက္ထရီအိုး(၂)လုံးနှင့် 

(၅)လပိုင်းအတွင်းက သမိန်ဗရမ်းလမ်းတွင်ရပ်ထားသော ဒိုင်နာယာဉ်(၃)စီးမှ ဘက္ထရီအိုး(၅)လုံးတို့ကို ခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် တာမွေမြို့မရဲစခန်းတွင် အမှုများအသီးသီးဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
::
ယင်းအမှုများမှသက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး
ပြစ်မှုကျုးလွန်သူခေါလေး(ခ) ဇော်ဝင်းအား ဆက်လက်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment