Pages

Pages - Menu

Thursday, May 22, 2014

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း ဟိုးစ်မြို့တွင်ဗုံးနှစ်လုံးပေါက်ကွဲ အနည်းဆုံး လူ ၁၁၈ ဦးသေဆုံး


RangonNewsDaily: May . 22 .2014
မကြာသေးခင်က ကျောင်းသူ ၂၀၀ ကျော်ခန့်ကို ပြန်ပေးဆွဲမှု ဖြစ်ပွား ခဲ့သော နိုင်ဂျီရီးယားနိုင်ငံ အလယ်ပိုင်းရှိ ဟိုးစ်မြို့တွင် ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၁၈ ဦး သေဆုံးသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
လူပါင်းများစွာ သေဆုံးခဲ့သော အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို နိုင်ဂျီးရီးယားသမ္မတ ဂွတ်လပ်ယောနသန်က ပြစ်တင် ပြောကြားခဲ့ပြီး ဗုံးခွဲတိုက်ခိုက်သူ များသည် ရက်စက်သူ မကောင်းဆိုးဝါးများ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

လူစည်ကားရာ ဈေးတစ်ခုနှင့် ဆေးရုံတစ်ရုံကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လက်ရှိအချိန်ထိ လူ ၁၁၈ ဦး သေဆုံးသွားသော်လည်း အဆောက်အအုံ အပျက်အစီးများကြားတွင် လူသေအလောင်းများ ရှိနေသေးဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။
::
နိုင်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ္မစ် အစွန်းရောက် အဖွဲ့ဖြစ်သော ဘိုကိုဟာရမ် စစ်သွေးကြွများ၏ အဆက်မပြတ် တိုက်ခိုက်မှုကို ခံနေရပြီး၊ ပြီးခဲ့သည့်လက နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ ချီဘော့မြို့ စာသင်ကျောင်းတစ်ခုမှ ကျောင်းသူ ၂၀၀ ခန့်ကို ဘိုကိုဟာရမ် အစ္စလာမ္မစ် စစ်သွေးကြွများက ပြန်ပေးဆွဲသွားခဲ့သည်။

အကြမ်းဖက်သမားများကို တိုက်ခိုက်သွားရန် သန္နိဋ္ဌာန် ချမှတ်ထားကြောင်း၊ အကြမ်းဖက်သမားများကို နှိမ်နင်းရန် ချတ်နိုင်ငံ၊ နိုက်ဂျာနိုင်ငံ၊ ကင်မရွန်းနိုင်ငံနှင့် နိုက်ဂျီးရီးယားတို့မှ တပ်ရင်း တစ်ရင်းစီပါသော နိုင်ငံစုံတပ်ဖွဲ့ဖြင့် ၎င်းတို့၏ နယ်စပ်ဧရိယာ ဖြစ်သည့် ချတ်ရေအိုင်ကြီး အနီးတွင် စောင့်ကြပ် သွားမည် ဖြစ်ကြောင်း နိုင်ဂျီးရီးယားသမ္မတ ဂွတ်လပ်ယောနသန်က ပြောကြားသည်။
::
ယခုဗုံးခွဲ တိုက်ခိုက်မှုကို ဘိုကိုဟာရမ် အစ္စလာမ္မစ် စစ်သွေးကြွများကသာ တိုက်ခိုက်ခဲ့သည် ဆိုပါက ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့သည် နိုက်ဂျီးရီးယားမြို့တော် အဘူယာရှိ မည်သည့် နေရာကိုမဆို တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု ဘီဘီစီသတင်းထောက် ဝီလ်ရော့စ်က ပြောကြားသည်။

ဟိုးစ်မြို့ ဗုံးပေါက်ကွဲမှုတွင် ပထမ ဗုံးပေါက်ကွဲအပြီး မိနစ် ၃၀ ခန့်အကြာတွင် နောက်ထပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခြင်းဖြစ်ရာ ကယ်ဆယ်ရေး သမားများလည်း သေဆုံးသွားသည်။
::
“ကြောက်စရာ ကောင်းလောက်အောင် ဆိုးလွန်းပါတယ်” ဟု ခရစ်ယာန် ပရဟိတ အဖွဲ့ဖြစ်သည့် စတီဖာနို ဖောင်ဒေးရှင်းမှ မာ့က်လစ်ပ်ဒိုက ပြောကြားသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာတွင် သေဆုံးသူများ၊ ဒဏ်ရာ အပြင်းအထန် ရသူများဖြင့် ဆိုးဆိုးဝါးဝါး ဖြစ်လျက်ရှိပြီး မီးလောင်ကျွမ်းမှုမှာလည်း ၈ နာရီခန့် ကြာမြင့်ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။
သေဆုံး၊ ဒဏ်ရာရသူ အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း ဒေသအစိုးရရုံးက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment