Pages

Pages - Menu

Thursday, May 15, 2014

ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ၊ စက်ရုံအချို့ မီးရှို့ခံရ


RangonNewsDaily: May . 15 .2014
ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများ ပေါ်ပေါက်နေစဉ် ဗီယက်နမ်တောင်ပိုင်း စက်မှုဇုန် ၌ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူများက စက်ရုံအချို့ကို မီးရှို့ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။
စက်မှုဇုန်အုပ်ချုပ်ရေးအဖွဲ့က စက်ရုံများ ကို အင်္ဂါနေ့တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ပြော ကြားသည်။ အခြားသတင်းအရင်းအမြစ်များက မီးရှို့ခံရသော စက်ရုံအရေအတွက်မှာ ၁၅ ရုံ အထိ ရှိသည်ဟု ဆိုသည်။
သေကျေထိခိုက် ဒဏ်ရာရသူများရှိ ကြောင်း သတင်းမရရှိသော်လည်း ဖမ်းဆီးမှု များရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။

ဗီယက်နမ်က ပိုင်ဆိုင်ကြောင်း ကြေညာ ထားသည့်ရေပြင်အတွင်း တရုတ်နိုင်ငံက ယခု လစောစောပိုင်းတွင် ရေနံတူးစင်တည်ဆောက် ရာမှ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

တောင်ပိုင်းဘင်ဒေါင်းပြည်နယ်၊ သွမ်အန် မြို့၌ တနင်္လာနေ့တွင် ဆန္ဒပြသူများ စုဝေးကာ အနီးရှိ ဗီယက်နမ် - စင်ကာပူစက်မှုဇုန် (ဗွီအက်စ်အိုင်ပီ)သို့ အင်္ဂါနေ့တွင် ဝင်ရောက် ပြီး တရုတ်ပိုင် (သို့မဟုတ်) တရုတ်စီမံခန့်ခွဲ သော စက်ရုံများကို ပစ်မှတ်ထားကြခြင်းဖြစ် ကြောင်း ဇုန်အုပ်ချုပ်သူများက ပြောသည်။

ဆန္ဒပြရာတွင် အလုပ်သမား၁၉ဝဝဝ ဝန်းကျင် ခန့် ပါဝင်သည်ဟု ခန့်မှန်းကြောင်း ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။မီဒီယာများ ဖော်ပြချက်အရ အနည်းဆုံး စက်ရုံ ၁၅ရုံ မီးရှို့ ခံရသည်။

ယခုလဆန်း၌ ဗီယက်နမ်ကမ်းခြေမှ ရေမိုင် ၁၂ဝကွာဝေးသော ဧရိယာတွင် တရုတ် နိုင်ငံက ဟိုင်ယန်ရှီယူ ၉၈၁ ရေနံတူးစင်ကို တည်ဆောက်ခဲ့သည်။ ယင်းဧရိယာသည် တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံလုံးက ပိုင်ဆိုင် ကြောင်း အပြိုင်ကြေညာထားသည့် ပါရာစဲလ် ကျွန်းစုများအနီးတွင် တည်ရှိသည်။

လွန်ခဲ့သည့် သီတင်းပါတ်တွင် ဟနွိုင်းနှင့် ဟိုချီမင်းမြို့များ၌ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ ပွဲများ ဖြစ်ပွားခဲ့ပြီး ဗီယက်နမ် လှုပ်ရှားသူ များက ဟနွိုင်းရှိ တရုတ်သံရုံးသို့ တနင်္ဂနွေ နေ့နှင့် အင်္ဂါနေ့များတွင် ချီတက်ခဲ့ကြသည်။ 

ဘီဘီစီ , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment