Pages

Pages - Menu

Friday, May 16, 2014

ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ရွှေမော်ဓောဘုရားရင်ပြင် ကော်ဇောနီပေါ်အထိ ကားပတ်စီးမှု ပဲခူးတွင် ငလျင်ကြီးလှုပ်မည်ကို ဒေသခံများ စိုးရိမ်နေ


RangonNewsDaily: May . 16 .2014
ပဲခူးတိုင်းေ}သကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးÓာဏ်ဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများသည် ၁၃၇၆ ခုနှစ် ကဆုန် လပြည့်နေ့ နံနက် ၉ နာရီအချိန်တွင် ရှေးဟောင်းယဉ်ကျေးမှုနç်မြေ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်သို့ ကားများနှင့်တက်ရောက်ပြီး ကော်ဇောနီ ခင်းထားသည့်အပေါ်၌ ကားမောင်းကြောင်း ၁၂-၅-၂၀၁၄ နေ့ ဖေ့(စ်)ဘုတ်စာမျက် နှာများပေါ်တွင် ဖတ်ရှုရသည်။
စေတီတော်မြတ်ကြီး ရင်ပြင်ပေါ်သို့ တက်ရောက်နိုင်သည့် ကားလမ်းသည် မြောက်ဘက်မုခ် စကြာတန်စောင်းနှင့် ကပ်လျက် အရှေ့ဘက်တွင် ရှိသည်ယင်း ကားလမ်းမှတက်ပြီးသည့်အခါ ကျောက် ပန်းတောင်း ဓမ္မာရုံဘေးတွင် ကားများရပ် ထားရန် နေရာရှိသည်/ ရင်ပြင်တော်ပေါ် သို့တက်ရန် ကားလမ်းသည် ယခင် ကတည်းက ရှိပြီးသားနေရာဖြစ်သည်။

သို့သော် ယခုကဲ့သို့ ရင်ပြင်တော် ပေါ် ကော်ဇောနီခင်းထားသည့်နေရာများ သို့ ကားမောင်းသည်ကိုတော့ တစ်ခါဖူးမှ မမြင်ဖူး? မကြားဖူးသည်မှာ အမှန်ပင် ဖြစ်သည်။
::
ကဆုန်လပြည့်နေ့သည် ဗု}္ဓဘုရား ရှင် ဖွားတော်မူသည့်နေ့ ပွင့်တော်မူသည့် ပရိနိဗ္ဗာန်စံတော်မူသည့်နေ့ဖြစ်၍ ဗု}္ဓဘာ သာဝင်များအတွက် အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည်ယင်းနေ့တွင် ညောင် ရေသွန်းပွဲတော်နေ့အဖြစ် ဂေဇက်ဝင်နိုင်ငံ တော်မှ သတ်မှတ်ထားသည့်နေ့လည်း ဖြစ် သည်။

ထိုနေ့တွင် ဝန်ကြီးချုပ် ဦးÓာဏ်ဝင်း သည် ရင်ပြင်တော် အင်္ဂါထောင့်ရှိ ဝန်ကြီး ချုပ်ဟောင်း ဦးနုစိုက်ပျိုးခဲ့သော ဗောဓိ ညောင်ပင်အား ညောင်ရေသွန်းတက် ရောက်ပူဇော်ကြောင်း သိရသည်။
::
မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား ဖြစ်စေ သာသနာနç်မြေအတွင်း၌ ဖိနပ် မစီးရ çဉ်ကျေးမှုနှင့် မကိုက်ညီသော ဝတ်စားဆင်çင်မှုများဖြင့် ရင်ပြင်တော် ပေါ်မတက်ရ ဆိုင်းဘုတ်များဖြင့် သတိပေး တားမြစ်သည်ကို တွေ့မြင်ကြရမည်ဖြစ်ပါ သည်။

ယခုကဲ့သို့ မြန်မာသိ ကမ္ဘာသိ မြင် မကောင်း ရှုမကောင်း အဂါရဝဖြစ်စေသည့် (မရိုမသေပြုမှု) မြင်ကွင်းများကို ပဲခူးသား/ ပဲခူးသူတို့ ဖေ့(စ်)ဘုတ်စာမျက်နှာများပေါ် တွင် မြင်တွေ့ရသောအခါ များစွာစိတ် မကောင်းဖြစ်ကြရသည်/ 
တချို့သော လူကြီးသူမများကဆို လျှင် ယခုလို ရွှေမော်ဓောစေတီတော် ရင် ပြင်တော်ကော်ဇောနီခင်း၍ ကားပတ်သည် ကို မြင်ရသည့်အခါ ခရစ်နှစ် ၁၉၃၀ ခုနှစ် တွင် ပဲခူးမြို့တွင် လှုပ်ခတ်ခဲ့သော ငလျင် ကြီးကဲ့သို့ လှုပ်ခတ်မှာကို စိုးရိမ်မိကြောင်း ပြောဆိုသံများကိုလည်း ကြားရပါသည်။
::
ပဲခူးမြို့နç် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် ချမ်း မြေ့ဇေçျာသာ
မဏေကျော် တက္ကသိုလ် ကျောင်းတိုက် နာယကဆရာတော် ဦးဥက္ကံသ (သာမဏေကျော်) ဆရာတော် အားမေးမြန်းလျှောက်ထားရာတွင် ဆရာ တော်မှ စေတီçင်္ဂဏကျမ်းအလိုအရ ပြောရ လျှင် ယခုလို စေတီတော်ရင်ပြင်၌ ဖိနပ်စီး ဖို့မပြောနဲ့ လက်နဲ့ကိုင်ပြီးတော့တောင်မှ မတက်ကောင်းဘူး အခုလို ကားနဲ့တက် တာဆိုတော့ ကားတာထာဆိုတာလည်း ဖိနပ်နဲ့ အတူတူပဲ မတက်ကောင်းဘူး/ ဒါပေမဲ့ ဘုရားဂေါပက ဘယ်လို လူတန်း စားတော့ ကားနဲ့တက်ရမသင့်/ ဘယ်လို လူတန်းစားတော့ ကားနဲ့ မတက်ရ/ မူဝါဒ တွေရှိရင်တော့ မပြောတတ်ဘူးဟု မိန့် ကြားသည်။

News Watch Journal ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment