Pages

Pages - Menu

Sunday, May 4, 2014

မေလ ဒုတိယပတ်အတွင်း မုန်တိုင်းတစ်ကြိမ်ဖြစ်ပေါ်နိုင်

RangonNewsDaily: May . 4 .2014
ယခုနှစ် မေလဒုတိယပတ်နှင့် တတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွငမုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပွားနိုင်သည်
ဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က မေလ ၃ရက်က ပြောသည်။“ခန့်မှန်းထားတာကတော့ ပထမအဆင့်မှာ မုန်တိုင်း
ငယ်အဖြစ်နဲ့ စတင်ပြီးတဖြည်းဖြည်းနဲ့ အပူပိုင်းမုန်တိုင်း၊ ဆိုင်ကလုံးမုန်းတိုင်းများအဆင့်ထိ ရောက်ရှိလာနိုင်ပါတယ်။

မုန်တိုင်းစဖြစ်တဲ့နေရာက မုန်တိုင်းရဲ့ရွေ့လျားမယ့် လမ်းကြောင်းနဲ့ အင်အားကိုအဆုံးအဖြတ် ပေးသွားနိုင်ပါတယ်။ အစဉ်အလာ
အရတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အစပျိုးဖြစ်တဲ့ မုန်းတိုင်းတွေဟာမြန်မာနိုင်ငံကို ဝင်လာတတ်ပါတယ်”ဟု
 ၎င်းကဆိုသည်။

နှစ်ပေါင်း(၁၃၇) နှစ်တာကာလအတွင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ဖူးသော မုန်တိုင်းအများစုမှာ မိုးကြိုကာလဖြစ်သည့် ဧပြီလ၂၀

ရက် မှ မေလ ၁၅ရက်အတွင်း အစပျိုးခဲ့သော မုန်တိုင်းများဖြစ်သောကြောင့် မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သော မုန်တိုင်းများကို သတိထားရန်လိုအပ်သည်ဟု ဒေါက်တာထွန်းလွင်က ဆက်လက်ရှင်း ပြသည်။

“အခု မေလ ဒုတိယပတ်အတွင်းမှာ ဖြစ်လာနိုင်တဲ့မုန်တိုင်းက မြန်မာနိုင်ငံကိုဝင်ဖို့ဆိုတာ ၃၈ ရာခိုင်နှုန်းလောက်ပဲ သေချာမှုရှိပါ

တယ်။မြန်မာနိုင်ငံအတွက် အန္တရာယ်တော့ကင်းနိုင်ပါတယ်။ ဒါပေမယ့်သတိရှိဖို့တော့လိုတယ်။” ဟု ၎င်းကဆိုသည်။

ယခုနှစ် မြန်မာနိုင်ငံတွင်း မုတ်သုံမိုးဝင်ရောက်မှုမှာ ၁၅ရက်ခန့် နောက်ကျမည်ဖြစ်ပြီး မေလကုန်မှသာ မုတ်သုံမိုး ဝင်ရောက်

မည်ဖြစ်ပြီး မုတ်သံမိုးမဝင်မီ မိုးကြိုကာလအတွင်း မိုးတိမ်တောင်များ ဖြစ်ပေါ်တတ်သောကြောင့် လယ်ယာလုပ်ငန်းခွင်လုပ်ကိုင်သူများနှင့်ရေကြောင်းခရီး သွားလာမှုများတွင် သတိရှိရန် လိုအပ်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment