Pages

Pages - Menu

Tuesday, May 13, 2014

ခရီးသွား ဘုန်းကြီး တစ်ပါးအား ခလရ (၃၂၁) မှတားဆီးခြိမ်းခြောက်


RangonNewsDaily: May . 13 .2014
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်၊ အောင်မြေ (၂) ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာကြားတွင် မေလ (၁၂) ရက်နေ့ 
မနက် (၁၀း၃၀)နာရီ အချိန်ခန့်၌ ရွှေညောင်ပင် ကျေးရွာ အထွက်တွင် စခန်းထိုင်ထားသော ခလရ (၃၂၁) တပ်မှ ခရီး
သွား ဘုန်းကြီးတစ်ပါးကို တားဆီးပြီး ခြိမ်းခြောက် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ကာ တရားခံ တစ်ဦးကဲ့သို့ စစ်ဆေး
မေးမြန်းနေမှုအား မကျေမနပ်ဖြစ်ကာ အဆိုပါ ဘုန်းကြီးမှ ၀တ်ဆင်လာသော သင်္ဃန်းကို ကားလမ်းပေါ်တွင် ချွတ်ပုံပြီး ကိုယ်လုံးတီးဖြင့် ကားလမ်းအတိုင်းထွက်ခွာသွားကြောင်း သိရှိရပါသည်။
ထိုသို့ ကိုယ်လုံးတီး မထွက်ခွာမှီ အဆိုပါ တားဆီးစစ်ဆေးသော ခလရ(၃၂၁) စစ်တပ်အား ဂျပန်တွေလည်းတိုက်ပါစေ၊
 မေရိကန်တွေလည်းတိုက်ပါစေ၊ အင်္ဂလိပ်တွေလည်း တိုက်ပါစေ ၊ အားလုံး လာတိုက်ကြပါစေ ဆိုပြီး ဆဲဆို ကြိမ်းမောင်းပြီး ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။

( REF : Jinghpaw kasa )
Jade Land ::--
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment