Pages

Pages - Menu

Thursday, May 8, 2014

ကြည့်မြင်တိုင် မြို့နယ် ထီးတန်းဆိပ်ကမ်းဝင်းအတွင်း ကွန်တိန်နာသေတ္တာပိမိသဖြင့် အမျိုးသား(၂)ဦးသေဆုံး


RangonNewsDaily: May . 8 .2014
၇.၅.၂၀၁၄ ရက်နေ့ ၁၅၁၅ အချိန်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကြည့်မြင်တိုင် မြို့နယ်၊ ထီးတန်း
ရပ်ကွက်၊ ထီးတန်းဆိပ်ကမ်းဝင်းအတွင်း၌ အမျိုးသား(၂)ဦး ကွန်တိန်နာသေတ္တာပိမိ၍ သေဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူများမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်နေ ယာဉ်နောက်လိုက်များဖြစ်ကြသော သက်
ပိုင်ဖြိုးနိုင်ဦး၊ (၁၇)နှစ်နှင့် မောင်ဇော်၊ (၂၀)နှစ်တို့(၂)ဦးဖြစ်ပြီး ၎င်းတို့တွင်နှတံရိုးကျိုး၊ လက်ကျိုး၊ လက်မောင်းနှင့် ပုခုံး
တို့တွင် ညိုမဲဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ အဆိုပါဆိပ်ကမ်းဝင်းအတွင်းရှိ ကွန်တိန်နာသေတ္တာများ အတင်အချပြုလုပ်သည့် ယန္တ
ယားအား
ထွန်းအောင်ရွှေ၊ (၂၇)နှစ်၊ (ဘ)ဦးထွန်းရှင်၊ မြောက်ဥက္ကလာပမြို့နယ်နေသူမှမောင်းနှင်ပြီး ကွန်တိန်နာသေတ္တာအားချစဉ် ကွန်တိန်နာသေတ္တာများကြား၌အိပ်ပျော်နေသော ၎င်းတို့(၂)ဦးကိုပိမိသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
::
၎င်းတို့(၂)ဦးသေဆုံးခြင်းနှင့်ပတ်သက်၍ ယန္တယားမောင်းသူ ထွန်းအောင်ရွှေအား ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ)၂၉၄ /၂၀၁၄၊ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment