Pages

Pages - Menu

Tuesday, May 20, 2014

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့ ကိုထင်ကျော်ကို တရားရုံးနှစ်ခုမှာ ရုံးထုတ်


RangonNewsDaily: May . 20 .2014
ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) နဲ့ တောင်ဒဂုံ နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးတွေမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ တရားရုံးတွေမှာ မြို့နယ်စခန်းမှူးတွေက ကိုထင်ကျော်ရဲ့ လုပ်ဆောင် ချက်တွေဟာ နိုင်ငံတော် သိက္ခာကို ထိပါးစေပြီး ပြည်သူတွေကို ထိန့်လန့်စေတာကြောင့် ပုဒ်မ ၅ဝ၅(ခ) နဲ့ အမှုဖွင့်တာဖြစ်ကြောင်း မြို့နယ် ရဲစခန်းမှူးက ထွက်ဆိုခဲ့တယ်လို့ ကိုထင်ကျော်ရဲ့အမှုရုံးချိန်းကို သွားရောက် နားထောင်ခဲ့တဲ့ MDCF အဖွဲ့ရဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုကျော်လွင်က ပြောပါတယ်။

"ဒဂုံဆိပ်ကမ်းရဲ့ တောင်ဒဂုံမြို့နယ်ကို ရုံးထုတ်ပါတယ်၊အနောက်ပိုင်းက ရဲမှူးနဲ့ စခန်းမှူးနဲ့က သူ့ကိုအမှုစွဲတယ်ပေါ့ဗျာ၊ဒဂုံဆိပ်ကမ်းကတော့ မြို့နယ်မှူး တစ်ယောက်တည်း အမှုဖွင့်ဖို့အတွက်ကို တရားရုံးကိုလျောက်လဲတာပေါ့ဗျာ၊

ကိုထင်ကျော်ရဲ့ စာဖြန့်ဝေတယ်ဆိုတာ ပြည်သူတွေကို ထိန့်လန့်စေတယ် ၊နိုင်ငံတော်ရဲ့ သိက္ခာကိုထိပါးတယ်၊အစိုးရသိက္ခာကို ထိပါးတယ်ပေါ့ဗျာ ၊အဲ့ဒါတွေအတွက်ကြောင့် ၅ဝ၅(ခ)နဲ့ဖွင့်တယ်ဆိုပြီးတော့ တောင်ပိုင်းက မြို့နယ်မှူးရယ်၊စခန်းမှူးရယ်ကလည်း ထွက်တယ်၊ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကလည်း ထွက်တယ်"
ပြည်ထောင်စု အစိုးရနှုတ်ထွက်ပေးဖို့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ် လှုပ်ရှားရေး အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုတင်မောင်ဝင်းနဲ့ ကိုဇော်ဝင်းတို့ကိုလည်း ပုဒ်မ ၅ဝ၅(ခ) နဲ့ တာမွေနဲ့ ဗဟန်းမြို့နယ်ရဲစခန်းတွေ က အမှုဖွင့်ထားပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။


ကိုထင်ကျော်ကို တောင်ဥက္ကလာပ၊ ကျောက်တံတား၊ တောင်ဒဂုံ၊ မြောက်ဒဂုံ ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့ မြို့နယ် ၁၁ မြို့နယ် ရဲစခန်းတွေကလည်း ပုဒ်မ ၅ဝ၅(ခ) နဲ့ အမှုဖွင့်ထားပြီး မနက်ဖြန်မှာ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ကိုထင်ကျော်ကို ပုဒ်မ ၅ဝ၅(ခ) နဲ့ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

RFA , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment