Pages

Pages - Menu

Tuesday, May 20, 2014

မြောက်ကိုရီးယား၌ ၂၃ ထပ်တိုက် ပြိုကျခဲ့သော်လည်း သတင်း ထိမ်ချန်မိ၍ ပြည်သူကို တောင်းပန်

RangonNewsDaily: May . 20 .2014
ပြီးခဲ့သည့်သီတင်းပတ်က တိုက်ခန်းအဆောက်အအုံတစ်ခု ပြိုကျမှုနှင့်ပတ်သက်၍ လူများစွာသေဆုံးခဲ့ ရသည့် အတွက် မြောက်ကို ရီးယားက တောင်းပန်မှုပြုခဲ့သည်ဟု သိရသည်။
၎င်းအဆောက်အအုံ ပြိုကျမှုသည် အင်္ဂါနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့နံနက်မှပင် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ လူဦးရေမည်ရွေ့မည်မျှ သေဆုံးကြောင်းရှင်းရှင်းလင်းလင်းမသိရသော်လည်း
၎င်းကဲ့သို့ ကြီးကြီးမားမား မတော်တဆမှုကြောင့် အဆောက်အအုံတွင်နေ ထိုင်သူ ၁၀၀ ထက်မနည်း သေဆုံးဖွယ် ရှိကြောင်း သတင်းများ တွင်ဖော်ပြသည်။

အဆိုပါတိုက်ခန်း အဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မှန်ကန်စွာတည်ဆောက်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ တာဝန်ရှိ သူများက ၎င်းအဆောက် အအုံ ဆောက်လုပ်ရာတွင် ကြီးကြပ်မှု၊ ကွပ်ကဲမှုတို့တွင် တာဝန်မဲ့ မှုကြောင့် ဖြစ်ကြောင်း သတင်းအေဂျင်စီက ဆိုသည်။

ယခုကဲ့သို့ အနိဋ္ဌာရုံသတင်းကို မြောက်ကိုရီးယားတို့ ဝန်ခံပြောကြားသည်မှာ လုံးဝရှားပါးသည့် ကိစ္စဖြစ် ကြောင်းနှင့် ထိပ်တန်း အရာရှိ များက တောင်းပန်ခြင်းမှာ လည်းရှားရှားပါးပါးပင်ဖြစ်ကြောင်း သိရသည်။


ယခုပြိုကျမှုဖြစ်ပွားရာ အဆောက်အအုံသည် အထပ် ၂၃ ထပ်ပါတိုက်ခန်း အဆောက်အအုံ ဖြစ်ပြီးကိုရီးယား စင်ထရယ်နယူးအေဂျင်စီ(KCNA)က အထိအခိုက်အပျောက်အရှသတင်းကို အတိအကျထုတ်ပြန်ခြင်းမရှိသကဲ့သို့ အဆောက်အအုံပြိုကျရသည့်ရင်းမြစ်ကိုလည်း ဖြေရှင်းမထားချေ။

(ဘီဘီစီ) , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment