Pages

Pages - Menu

Tuesday, May 20, 2014

ရန်ကုန်မြို့အတွင်း ရေကြီးရေလျှံမှုများ စည်ပင်မဖြေရှင်းနိုင်


RangonNewsDaily: May . 20 .2014
ယခုရက်ပိုင်းအတွင်း မိုးရေချိန်အနည်းငယ်သာရွာသွန်းခဲ့သော်လည်း ရန်ကုန်မြို့အတွင်းရှိ လမ်းမများတွင် ရေကြီး ရေလျှံမှုများ အလွန်အကျွံဖြစ်ပေါ်ကာ ခရီးသွားပြည်သူများ အခက်အခဲဖြစ်ခဲ့ရပြီး ရန်ကုန်မြို့တော် စည်ပင်ကမူ လက်တွေ့ကျကျ ဖြေရှင်းနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။စည်ပင်၏ ပြောဆိုချက်များအရ ၀န်ထမ်း ၈၀၀ အသုံးပြုကာ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်လာသည့် နှုန်းတင်မှုများ၊ လမ်းမပေါ်အမှိုက်များရောက်မှုများကို ဖြေရှင်းနေသည်ဟုဆိုသော်လည်း အဆိုပါပမာဏမှာ ရေကြီးရေလျှံမှုဖြစ်နေသည့် နေရာများနှင့်ယှဉ်လျှင် အလွန်နည်းပါးသည့် အရေအတွက်ဖြစ်သည်။

လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က “ရေလျှံတာက ဒီရေတက်တဲ့အချိန်နဲ့ မိုးများများ ရွာတဲ့အခါ ရေလျှံတယ်။ မြောင်းထဲမှာ အမှိုက်ရှိလို့ ရေလျှံတာ မဟုတ်ဘူး။ မနေ့ကလို မိုးရွာ
တာမျိုးဆိုရင် နှစ်နာရီလောက် ရွာလိုက်တော့ ဒီရေတက်တဲ့အချိန်နဲ့ ထောက်နေတော့ ရေမဆင်းနိုင်လို့လျှံ
တာပဲရှိတယ်”ဟု ပြောသည်။
::
ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်စည်ပင်မှ ရေမြောင်းများ ရှင်းလင်းခြင်းကို ဇန်န၀ါရီကတည်းက လူအင် အား၊စက်အင်အားများဖြင့် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ရှိမိုးရွာချိန်ရေကြီး ရေလျှံမှုများကိုလည်း အဓိကထား ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသော်လည်း မြင်သာထင်သာသည့် ပြောင်းလည်းမှုမျိုး မတွေ့ရသေးပေ။

ကျောက်တံတားမြို့နယ်တွင် နှစ် ၆၀ ခန့် နေထိုင်သူ ဦးမြင့်သိန်းက “မြောင်းပိတ်တာကို စည်ပင်က လုပ် တော့လုပ်နေပါတယ်။ အဆောက်အအုံတွေ ဆောက်တဲ့မြေကြီးက နွံတွေစုပ်ထုတ်လို့ မြောင်းတွေ ပိတ် တယ်။ ရေစီးကောင်းတဲ့နေရာက အမှိုက်တွေပိတ်ပြီး လမ်းပေါ်ရေရောက်တယ်။ တော်ရုံ ရေမကျတော့ဘူး” ဟုပြောသည်။
::
အချို့ရေမြောင်းများသည် ကိုလိုနီခေတ်က ဖောက်လုပ်ထားသော ရေစီးရေ
လာကောင်းမွန်သည့် ရေ မြောင်းများပင် ရေလျှံမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် လမ်းပေါ်ရေရောက် ရှိ၍ လမ်းပေါ်သွားလာသူများ အပေါက်များမမြင်ရသဖြင့် အန္တရာယ်ဖြစ်ပေါ်နိုင်ခြင်း၊ ရေမြောင်းများမှအညစ်
အကြေးများကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်း
များ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

မထသဌာနခွဲမှ ကြီးကြပ်ရေးမှူး ဦးခင်မောင်လေးက “လမ်းတွေရေလျှံတော့ ကားအင်ဂျင်ထဲရေ၀င်ရင် ကား တွေပျက်ကုန်တယ်။ လမ်းတွေပိတ်တယ်။ မိုးရွာတော့ကားတွေ ပြန်မတက်တော့ ခရီးသည်တွေဒုက္ခဖြစ် တယ်။ မနေ့က တာမွေမှာရေလျှံလို့ လမ်းပေါ်မှာ ရေကဒူးလောက်တောင်ရှိတယ်”ဟု ပြောသည်။
::
မိုးရွာသွန်း၍ ရေကြီးရေလျှံမှုများကြောင့် မေ ၁၈ ရက်က တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ လသာ၊ ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့နယ်တို့တွင်အချိန်ကြာမြင့်စွာ ကားလမ်းများပိတ်ဆို့ခဲ့ပြီးခရီးသည်များ ခရီးနှောင့်နှေးမှု ဖြစ်ပွားခဲ့သည်။

Mizzima News::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment