Pages

Pages - Menu

Thursday, May 22, 2014

စင်္ကာပူ မှ ရန်ကုန်သို့ ပျံသန်းလာတဲ့ စင်္ကာပူ လေကြောင်းလိုင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်အရောက် ပြေူးလမ်းချော်မှုဖြစ်ပွား

RangonNewsDaily: May . 21 .2014
ယနေ့ နံနက် ကိုးနာရီ ဆယ့်ငါးမိနစ်အချိန်မှာ စင်္ကာပူ မှ ရန်ကုန်သို့ ပျံသန်းလာတဲ့ စင်္ကာပူ လေကြောင်းလိုင်း လေယာဉ် ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက် စဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။
လေယာဉ်မှာ လေယာဉ်မှူး သုံးဦးအပါအ၀င် ၀န်ထမ်း ၁၃ ဦး၊ ခရီးသည် ၂၅၂ ဦး လိုက်ပါလာ ပါတယ်။ ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါဘူး။ လေယာဉ်ကတော့ ပြေးလမ်းဘေးကို ညာဘက် ဘီးကျသွားခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် နာရီဝက်ခန့် လေယာဉ်ဆင်းတက်မှုတွေကို ထိန်းချုပ်ထားခဲ့ရပါ
တယ်။ လေယာဉ်ကို တော့ လေယာဉ်ဆွဲကားနဲ့ ဆွဲယူပြီး လေယာဉ်ရပ်နားရာ နေရာမှာထားရှိပြီးဖြစ်ပါတယ်။ 
::
စင်္ကာပူကို လိုက်ပါမယ့် ခရီးသည် နှစ်ရာကိုတော့ အခြားလေယာဉ်နဲ့ ပြောင်းပေးခဲ့ပါ
တယ်။ဒီနေ့ညနေမှာတော့ စင်္ကာပူက အင်ဂျင်နီယာများနဲ့ စစ်ဆေးရေးအဖွဲ့များ
ရောက်ရှိမယ်လို့ သိရပါတယ်။

The Modern News ::-
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment