Pages

Pages - Menu

Monday, May 26, 2014

ဆန္ဒပြမှုများကို ဆက်လက်သည်းခံလိမ့်မည်မဟုတ်ဟု ထိုင်းစစ်အစိုးရ သတိပေး

ဓာတ်ပုံ- EPA
RangonNewsDaily: May . 26 .2014
စစ်တပ်အာဏာသိမ်းမှုကို မလိုလားသူများ၏ ဆန္ဒပြမှုများကို ဆက်လက် သည်းခံတော့မည်မဟုတ်ဟု ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်က မေလ ၂၆ရက် ညနေက သတိပေးကြေငြာလိုက်သည်ဟု အေဖက်ပီ သတင်းဌာနက ရေးသားထားသည်။
ထိုင်းနိုင်ငံအား ကစဥ့်ကလျား ဖြစ်စေခဲ့သော လပေါင်းများစွာဆန္ဒပြမှုများ နှင့် နိုင်ငံရေး အကြမ်းဖက်မှုများ ထပ်ဖြစ်မလာအောင် ကာကွယ်ရန် ထိုင်းစစ်အစိုးရအနေဖြင့်
ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ပြောခဲ့သည်။

“ဆန္ဒပြသူတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ရပ်သင့်ပါပြီ။ ဘာကြောင့်လည်းဆိုတော့ အခုအခါမှာ ဥပဒေဟာ တင်းကျပ်လာပြီ ဖြစ်တဲ့အတွက် သူတို့နဲ့ သူတို့ရဲ့
မိသားစုဝင်တွေကို ထိခိုက်မှာ ဖြစ်လို့ပါ” ဟု ဆန္ဒပြသူများအား ဗိုလ်ချုပ်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။


နိုင်ငံရေးအရ စိတ်ဝမ်းကွဲမှုများ ဖြစ်ပွားနေကြသော ထိုင်းနိုင်ငံတွင် အာဏာသိမ်း စစ်ခေါင်းဆောင်အနေဖြင့် ထိုင်းနိုင်ငံအား ဦးဆောင်ခွင့်ကို ထိုင်းဘုရင်က မေ ၂၆ရက်က တရားဝင် အတည်ပြုပေးခဲ့သည်။


စစ်အစိုးရခေါင်းဆောင်အဖြစ် ပြုလုပ်ခဲ့သော သူ၏ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်အကြီးအကဲ ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha) က၊ ရွေးကောက်ပွဲများကို တတ်နိုင်သမျှ မြန်မြန်ကျင်းပပေးမည်ဖြစ်ကြောင်း ပြောခဲ့သော်လည်း အချိန်စာရင်း အတိအကျ မရှိသေးပေ။ လူဦးရေ ၆၇ သန်းခန့်ရှိသော
ထိုင်းနိုင်ငံတွင် စစ်တပ်က ပြီးခဲ့သည့် မေလ ၂၂ရက်က အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။


အပြောကြမ်းသော ထိုင်းကာကွယ်ရေးဦးစီးချုပ်သည် အရပ်ဘက် လွတ်လပ်ခွင့်အချို့ကို ပိတ်ပင်ခဲ့ပြီး၊ မီဒီယာ များကိုလည်း ကန့်သတ်ခဲ့ကာ၊ ညမထွက်ရ (ကာဖျူး) အမိန့်ကိုလည်း ထုတ်ပြန်ထားသည်။ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းလိုက်ပြီး၊ ဥပဒေများ ရေးဆွဲပြဌာန်းနိုင်သည့် အခွင့်အာဏာကိုလည်း အပြည့်အဝ ရယူထားသည်။


ကိုးကား- AFP

KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment