Pages

Pages - Menu

Tuesday, April 1, 2014

မိကျောင်းကန်မြေ လုံးဝ ပြန်ပေးမည်မဟုတ်ဟု တပ်စည်ပင်မှ ဒုတိယရဲမှူးကြီးသက်နိုင် ပြော


RangonNewsDaily: April . 1 .2014
၁၉၉၁ ခုနှစ်တွင် စစ်တပ်ကသိမ်းယူထားသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ရှိမြေများအား လုံးဝ ပြန်ပေးမည်မဟုတ်ဟုတပ်စည်
ပင်မှ ဒုတိယရဲမှူးကြီး သက်နိုင်က ပြောသည်။
“နိုင်ငံတော်အတွက် ပေးဆက်ပြီး အလုပ်လုပ်ခဲ့တဲ့စစ်သားတွေအတွက် အိမ်ယာဆောက်ပေးမှာပါ။ အစီစဉ်အားလုံးရှိနေပြီးသားဖြစ် တဲ့အတွက် ပြန်ပေးဖို့လုံးဝ အစီစဉ်မရှိပါဘူး”ဟု ၄င်းက ပြောသည်။

ရန်ကုန်တွင် ရက်ရှည်သပိတ်စခန်းဖွင့် ဆန္ဒပြနေသော မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းနှင့် မိကျောင်းကန် သပိတ်စခန်းမှ ကိုယ်စား
လှယ်များနှင့် သက်ဆိုင်ရာမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အိုးအိမ် ဖွံဖြိုးတက်မှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ 

ရန်ကုန်စည်ပင်သာယာရေးကော် မတီမှ စီမံဌာနမှူး၊ တပ်စည်ပင်မှ တာဝန်ရှိသူများနှင့် ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦး
တင်ဝင်းတို့ ယနေ့ ဧပြီ ၁ရက်တွင် မြို့တော်ခန်းမ၌ ထိပ်တိုက်တွေ့ဆုံကာ သပိတ်စခန်းမမဖွင့်လှစ်ရေးအတွက် ညှိနှိုင်းရာတွင် ဒုတိယ
ရဲမှူးကြီး သက်နိုင်မှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Popular Myanmar , 
kolatt(PBDN)
RangonNewsDaily





No comments:

Post a Comment