Pages

Pages - Menu

Saturday, April 26, 2014

ဟံသာဝတီ ဦးဝင်းတင် အထိမ်းအမှတ် ကျောက်စာထားရှိဖို့ စီစဉ်


RangonNewsDaily: March . 26 .2014
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ မန္တလေး မြို့တောင်လေးလုံးကျောင်းတိုက်မှာ အထိမ်းအမှတ် ကျောက်စာထားရှိဖို့ အတွက် မန္တလေး မြို့ခံစာပေအသိုင်းအဝိုင်းက စာရေးဆရာ၊ ကဗျာဆရာတွေ စီစဉ်နေကြပါတယ်။
ဆရာဦးဝင်းတင်ရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေ၊ ဆရာရေးခဲ့တဲ့ အထင်ကရစာပေတွေကို အဲဒီကျောက်စာ မှာ ရေးသားထားဖို့ ပြင်ဆင်နေ တာဖြစ်တယ်လို့ မန္တလေးမြို့ခံ စာရေးဆရာညီပုလေးက ပြောပါတယ်။

"ဆရာကြီးဘဝဖြတ်သန်းမှုကို ထင်မှတ်တဲ့ဆက်ကြောင်းတွေဖြစ်မှာပါ ၊ဆရာကြီးကို တစ်ယောက်ယောက်က အကဲခတ်ဖြတ်တာလည်း ဖြေရှင်း မှာပေါ့၊ပြီးတော့ ဆရာရေးခဲ့တဲ့ စာတွေထဲက ဗမာပြည်နိုင်ငံရေးနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ်၊ယဉ်ကျေးမှုနဲ့ပဲဖြစ်ဖြစ်၊စာပေနဲ့ပဲဖြစ်ဖြစ် အဖိုးတန်တဲ့နောက် လူတွေ လက်ဆင့်ကမ်းပြီး ဆရာ့ကို ကိုယ်စားပြုတဲ့ကောက်နှုတ်ချက် တစ်ခုခုတော့ ဖြစ်မှာပေါ့ဗျ၊ 


ကျနော်တို့ ဥာဏ်ကြီးကြီး၊ခေါင်းကြီးကြီး နဲ့ ရွေးကြမှာပေါ့၊ဒါပေမဲ့ အချိန်ယူပြီး လုပ်ကြမှာပေါ့"
တောင်လေးလုံးကျောင်းတိုက်မှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာမြသန်းတင့် ၊ ဆရာတင်မိုး၊ ဆရာဒေါက်တာ သန်းထွန်း စတဲ့ အထင်ကရ စာရေးဆရာကြီးတွေရဲ့ အထိမ်းအမှတ်ကျောက်စာတွေ ကို ရေးထိုးပြီး မှတ်တမ်းတင်ထားတယ်လို့သိရပါတယ်။

ဆရာဦးဝင်းတင်ဟာ ၁၉၆၈ ခုနှစ်ကစပြီး ၁၉၇၈ ခုနှစ်အထိ မန္တလေးမြို့မှာ ဟံသာဝတီသတင်းစာကို ဦးစီးထုတ်ဝေခဲ့ပြီး သတင်းစာပညာနဲ့ မန္တလေးမြို့ ခံတွေအပေါ် သြဇာကြီးခဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာ ဆရာဦးဝင်းတင် အတွက်ရည်စူးပြီး သံဃာ ၅ ပါးကို ဆွမ်းကပ်လှူဒါန်း ခဲ့တယ်လို့လည်း သိရပါတယ်။

RFA Burmese , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment