Pages

Pages - Menu

Friday, April 25, 2014

မြောက်ကိုရီးယား ရေယာဉ်များကို တောင်ကိုရီးယား ခြောက်လှန့်ပစ်ခတ်


RangonNewsDaily: April . 25 .2014
တောင်ကိုရီးယား ရေတပ်သည် ရေပိုင်နက် ကျူးကျော်လာသည့် မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ် နှစ်စင်းကို ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယား ရေတပ်၏ သင်္ဘောတစ်စင်းသည် နှစ်နိုင်ငံ နယ်နိမိတ် ရေပြင်အနီးကို ဘောင်ကျော်ချဉ်းကပ်လာသည့် မြောက်ကိုရီးယား ကမ်းခြေစောင့် သင်္ဘောများကို သတိပေး ပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်သည် ဆိုးလ်သို့ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား (၂)ရက်တာ အလည်အပတ်ခရီးစဉ် ရောက်ရှိလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါ ကင်းလှည့်ယာဉ်များသည် တောင်ကိုရီးယား ရေပိုင်နက်ထဲသို့ ရေမိုင်(၁)မိုင်စာမျှ ကျူးကျော်လာခဲ့ကြောင်း AFPသို့ ပြောကြားခဲ့သည်။ နံနက်အစောပိုင်း ဖြစ်ရပ်တွင် တောင်ကိုရီးယား ရေတပ်သင်္ဘောတစ်စင်းက အဆိုပါ ရေပြင်တစ်ဝိုက်သို့ အချက်ရေ အနည်းငယ် ပစ်ခတ်ခဲ့ပြီး မြောက်ကိုရီးယား ရေယာဉ်နှစ်စင်းသည် ချက်ချင်းလိုလို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

မြောက်ကိုရီးယား ရေယာဉ်များသည် တောင်ကိုရီးယား ရေပိုင်နက်ကို တမင်ကျူးကျော်လာခြင်း ဟုတ်ဟန်မတူဘဲ တရုတ်ဂဏန်းဖမ်း စက်လှေအချို့၏ တရားမဝင် ငါးဖမ်းလုပ်ငန်းကို ခြေရာခံရင်း နယ်ကျွံလာခြင်း ဖြစ်နိုင်ကြောင်းလည်း တောင်ကိုရီးယား ရေတပ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 “အဲဒါ အဖြစ်နိုင်ဆုံးပါ။ ဒါမှမဟုတ်လည်း တောင်ကိုရီးယား ရေတပ်ရဲ့ နယ်နိမိတ် စောင့်ကြည့်မှု အခြေအနေကို အကဲလာစမ်းတာ ဖြစ်နိုင်တယ်”ဟု အဆိုပါ အရာရှိက မှတ်ချက်ပြုခဲ့သည်။ 

ကိုရီးယားနှစ်နိုင်ငံကြား ရေပြင်တွင် (၁၉၉၉)ခုနှစ်၊ (၂၀၀၂)ခုနှစ်နှင့် (၂၀၀၉)ခုနှစ်များက သွေးထွက်သံယို သေကြေမှုများနှင့် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ဖူးသည်။

Planet Myanmar Network , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment