Pages

Pages - Menu

Tuesday, April 8, 2014

အကြောသေနေတဲ့လူက စက်ရုပ်ဝတ်စုံ ကို ၀တ်ဆင်ပြီး ဘောလုံးကန်၍ ၂၀၁၄ ကမ္ဘာ့ဖလား ဖွင့်ပွဲကို ဖွင့်လှစ်ပေးမည်


RangonNewsDaily: April . 8 .2014
ကမ္ဘာ့ဖလား ဖွင့်ပွဲ ဟာ တစ်ကမ္ဘာလုံး က စောင့်ကြည့်ရတဲ့ ရင်ခုန် စိတ်လှုပ်ရှားစရာ ပွဲတစ်ခုဖြစ်ပါတယ်။ အိမ်ရှင် ဘရာဇီး နိုင်ငံက အကြောသေနေတဲ့ ဝေဒနာရှင် တစ်ယောက်က စက်ရုပ်ဝတ်စုံ ကို ၀တ်ဆင်ပြီး ဘောလုံးကန်၍ ဇွန်လမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဖွင့်ပွဲ ကို ဖွင့်လှစ်ပေးမယ်လို့ သိရပါတယ်။
စက်ရုပ် ၀တ်စုံ ကို ပေါ့ပါးတဲ့ သတ္တုများ နဲ့ ပြုလုပ်ထားမှာ ဖြစ်ပြီး Hydraulics က မောင်းနှင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ လမ်းလျှောက် စက်ရုပ်ဝတ်စုံ ဟာ တစ်နေ့မှာ Wheelchair အသုံးပြုမှု တွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

Duke University မှ Professor ဖြစ်သူ Miguel Nicolelis က အကြောသေ ဝေဒနာရှင်များအတွက် စက်ရုပ်ဝတ်စုံ ကို တီထွင်ဖို့ တက္ကသိုလ်ပေါင်းစုံ နဲ့ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ သုတေသန စီမံကိန်း တစ်ခု ကို ဦးစီးနေပါတယ်။ သူတို့ရဲ့ နည်းပညာ ဟာ ၀တ်ဆင်သူကို သက်တောင့်သက်သာ ရှိစေမှာ ဖြစ်ပြီး စက်ရုပ်မဆန်ဘဲ သာမာန်လူအတိုင်းလှုပ်ရှားသွားလာနိုင်မှာ ဖြစ်တယ်လို့ Nicolelis က ပြောပါတယ်။

Nicolelis က စက်ရုပ်ဝတ်စုံ ကို ၀တ်ဆင်အသုံးပြုတတ်ဖို့ ဘရာဇီး မှ အသက် ၂၀ မှ ၄၀ ကြားမှာ ရှိတဲ့ အကြောသေ ဝေဒနာရှင်များ ကို လေ့ကျင့်ပေးနေပါတယ်။ ဝေဒနာရှင်ထဲမှ သုံးယောက် က ဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်ပြီး တစ်ယောက် က စက်ရုပ်ဝတ်စုံ ကို ၀တ်ဆင်ပြီး လမ်းလျှောက်သရုပ်ပြမှာဖြစ်ပါတယ်။

လမ်းလျှောက်စက်ရုပ်ဝတ်စုံ ဟာ ၀တ်ဆင်သူရဲ့ ဦးနှောက် မှ လှိုင်းများ ကို ဖမ်းယူပေးနိုင်ဖို့ Electrodes များနဲ့ တည်ဆောက်ထားတဲ့ ဦးထုပ် နဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ ဦးထုပ် နဲ့ ၀တ်စုံ ဟာ ဦးနှောက် ရဲ့ အချက်ပေးမှုများ ကို ဘာသာပြန်ပေးပြီး လှုပ်ရှားမှု ကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ၀တ်ဆင်သူ ဟာ သာမာန်လူသားတွေ အတိုင်းလှုပ်ရှားမှုများ ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ ကျောရိုး ထိခိုက်မှုကြောင့် အကြောသေ နေတဲ့ ဝေဒနာရှင် ၂၇၃၀၀၀ ရှိတယ်လို့ ၂၀၁၃ ခုနှစ် က စစ်တမ်း အရ သိရပါတယ်။ အဲဒီ ဝေဒနာရှင် တွေ ဟာ အနာဂတ် မှာ လမ်းလျှောက်နိုင်မှာ ဖြစ်သလို ဘောလုံးတောင်ကန်နိုင်တော့မှာ ဖြစ်ပါတယ်။

Myanmar Digital Life  , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment