Pages

Pages - Menu

Sunday, April 6, 2014

ငြိမ်းချမ်းရေး အတွက် ကာချုပ် တင်သွင်းသည့် အချက်တချို့ တိုင်းရင်းသား ခေါင်းဆောင်များ လက်မခံ


RangonNewsDaily: April . 6 .2014
ငြိမ်းချမ်းရေး အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တင်သွင်း သည့် အချက် (၆) ချက်မှ အချက် (၂) ချက်အား လက်မခံ နိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များမှ ခေါင်းဆောင်များ က The Messenger သတင်းစာ သို့ ပြောသည်။
ယမန် နေ့က ရန်ကုန်မြို့၊ ရွှေလီ လမ်းရှိ မြန်မာ့ ငြိမ်းချမ်းရေး စင်တာတွင် ကျင်းပ ပြုလုပ် ခဲ့သည့် အစိုးရ နှင့် တစ်တိုင်းပြည် လုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ တို့တွေ့ဆုံ ပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း က ကာ ကွယ်ရေး ဦးစီးချုပ် ၏ သဘောထား အမြင် အချက်(၆) ချက် အား တတ်ရောက် လာသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း များသို့ တင်ပြ ပြောဆို ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ဒါကတော့ တပ်မတော် ရဲ့ သဘော ထားလေ။ တပ်မတော် ရဲ့သဘော အတိုင်း လက်ခံ လို့ မရဘူး။ တကယ် တမ်း ဆွေးနွေး မယ်ဆိုရင် လက်မခံ နိုင်တဲ့ အချက် တွေ ရှိ တယ်။

 နောက်ဆုံး အချက်တွေ ကို လက်မခံ ဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ လို ဟာ မျိုးကို လက် မခံနိုင်ဘူး ဟု တစ်တိုင်းပြည် လုံး အပစ် အခတ် ရပ်စဲ ရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ ခေါင်းဆောင် နိုင်ဟံသာ က The Messenger သတင်းစာ သို့ ပြောသည်။

ဓာတ်ပုံ-AFP
Messenger News , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment