Pages

Pages - Menu

Monday, April 7, 2014

အိန္ဒိယတွင် အထွေထွေ ရွေးကောက်ပွဲကြီး စတင်ကျင်းပ


RangonNewsDaily: April . 7 .2014
ကမ္ဘာ့ အကြီးဆုံး ရွေးကောက်ပွဲကို အိန္ဒိယတွင် စတင် ကျင်းပလျက် ရှိပြီး လက်ရှိအစိုးရ ကွန်ဂရက် ပါတီနှင့် အတိုက်အခံ ဟိန္ဒူ အမျိုးသားရေး ပါတီ BJP တို့ အဓိက ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
အဆင့်ကိုးဆင့် ပါဝင်သည့် မဲဆန္ဒ ကောက်ယူမှုသည် တနင်္လာနေ့တွင် စတင်ပြီး မေလ ၁၂ ရက်တွင် အဆုံးသတ်မည် ဖြစ်သည်။ မဲများကို မေလ ၁၆ ရက်တွင် ရေတွက်မည် ဖြစ်သည်။

အိန္ဒိယ နိုင်ငံသား သန်းပေါင်း ၈၀၀ ကျော်သည် မဲပေးရန် အခွင့်အရေး ရှိကြသည်။ ဒေသတွင်း ကောက်ခံခဲ့သည့် မဲဆန္ဒများတွင် အခြေအနေ ကောင်းမွန်ခဲ့သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ပါတီသစ် AAP သည်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

မြို့တော် ဒေလီတွင် ပြုလုပ်ခဲ့သည့် ပြည်နယ်မဲဆန္ဒ ကောက်ခံမှုတွင် AAP မှ အခြေအနေ ကောင်းမွန်ခဲ့ပြီး ပါလီမန်ရှိ နေရာအားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

အကယ်၍ ပါတီကြီးများ အနေဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိမှု မရှိပါက ဒေသတွင်း ပါတီငယ်လေးများသည် အရေးပါသော ကဏ္ဍတွင် ပါဝင်လာမည် ဖြစ်သည်။

အောက်လွှတ်တော်တွင် ၅၄၃ နေရာရှိပြီး အစိုးရ တစ်ရပ် ဖွဲ့စည်းရန်အတွက် မည်သည့် ပါတီမဆို အနည်းဆုံး လွှတ်တော်အမတ် နေရာ ၂၇၂ ခု ရရှိရမည် ဖြစ်သည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် ကွန်ဂရက် ပါတီအား ဦးဆောင်မှုမှ ဆင်းပေးထားပြီးကြောင်း ပြောဆိုထားခဲ့ပြီး အိန္ဒိယအပေါ် လွှမ်းမိုးထားသည့် နေရူး-ဂန္ဒီ မျိုးဆက်၏ နောက်ဆုံး အဖွဲ့ဝင် ရာအူးဂန္ဒီမှ ကွန်ဂရက်ပါတီအား ဦးဆောင်သွားမည် ဖြစ်သည်။

BJP ပါတီအား ဟိန္ဒူ အမျိုးသားရေး ဝါဒီ နရန်ဒရာမိုဒီမှ ဦးဆောင်လျက် ရှိသည်။ စစ်တမ်း ကောက်ယူမှုများတွင် ထိပ်ဆုံး ရရှိထားသော မစ္စတာ မိုဒီသည် ဂူဂျာရတ် ပြည်နယ် ခေါင်းဆောင်ဖြစ်သည်။ အိန္ဒိယ၏ အဆိုးဝါးဆုံးသော မွတ်ဆလင် ဆန့်ကျင်ရေးသည် ဂူဂျာရတ် ပြည်နယ်၌ ၂၀၀၂ ခုနှစ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ခေတ် , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment