Pages

Pages - Menu

Saturday, April 5, 2014

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနဲ့ ပြင်သစ်နိုင်ငံသို့ သွားရောက်မည်


RangonNewsDaily: April . 5 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနဲ့ ပြင်သစ်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဂျာမနီနိုင်ငံ သမ္မတရဲ့ ဖိတ်ကြားချက်အရ ဧပြီ ၉ ရက်နေ့ ရန်ကုန်မြို့မှာတဆင့် ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ စတင် ထွက်ခွာပြီး ဂျာမနီနိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ဆုံမည် ဖြစ်ပြီး ဂျာမနီ ပါလီမန်ကို သွားရောက် လေ့လာမည်အပြင် ပါလီမန်ဥက္ကဋ္ဌနဲ့ လွှတ်တော်ရေးရာ ဆွေးနွေးမည်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂျာမနီခေါင်းဆောင်ဟောင်း ၀ီလီဘရန့်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုအတွက် ပေးအပ်ချီးမြင့်သည် ၀ီလီဘရန့်ဆုကို လက်ခံ ရယူပြီး ဂျာမနီနိုင်ငံ ဖရိုင်းအီးတက္ကသိုလ်တွင် ဂျာမနီရောက် မြန်မာမိသားစုများနဲ့ တွေ့ဆုံမည်အပြင် ဂျာမနီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာမှာ ဖြစ်ပါတယ်။

ဧပြီ ၁၄ ရက်နေ့ ဂျာမနီမှ တဆင့် ပြင်သစ်နိုင်ငံသို့ သွားရောက်ပြီး ပြင်သစ်သမ္မတ ဟော်လန်ဒီအပါအ၀င် ပြင်သစ် ထိပ်တန်းပုဂ္ဂိုလ်

များနဲ့ တွေ့ဆုံပြီး ပြင်သစ်ပါလီမန်နဲ့ ပြင်သစ် စစ်တက္ကသိုလ်ကို သွားရောက်လေ့လာမည်လို့ သိရပါတယ်။

ဧပြီ ၁၆ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှာ ထွက်ခွာပြီး ၁၇ ရက်နေ့ မနက်ပိုင်း ရန်ကုန်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာ တင်မာအောင်၊ အမျိုးသားလွှတ်တော်အမတ် ဦး

မင်းဦးနဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်တို့ လိုက်ပါသွားမည်လို့ ဖော်ပြထားပါတယ်။

DVB , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment