Pages

Pages - Menu

Saturday, April 26, 2014

မန္တလေး - လားရှိုး ရွှေလားရှိုး ခရီးသည်တင်မှန်လုံယာဉ်တိုက်၍ တစ်ဦးသေဆုံး


RangonNewsDaily: March . 26 .2014
သီပေါမြို့နယ်၊ နမ့်အွန်ကျေးရွာအနီးတွင် ယနေ့နံနက်(၇)နာရီအချိန်ခန့်က မန္တလေးဘက်မှ လားရှိုးသို့မောင်းနှင်လာသည့် ရွှေလားရှိုးခရီးသည်တင်မှန်လုံက ရှေ့တွင်လဲနေသောခြောက်ဘီးယာဉ်အား ဝင်တိုက်ခဲ့၍ ယာဉ်ပြုပြင်မှုပြုလုပ်နေသော ခြောက်
ဘီးယာဉ်မောင်းဒဏ်ရာရကာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။

”မနက်လင်းပိုင်းမှာ မိုးတွေကတအားရွာထားတော့ Canter အဖြူရောင် ခြောက်ဘီးယာဉ်က နမ့်အွမ် အဆင်းမှာစလစ်ဖြစ်ပြီးလဲနေတာ၊ ခရီးသည်တင်မှန်လုံကားကလမ်းရဲ့ဘယ်ဘက်ကိုလဲကျနေတဲ့ ခြောက်ဘီးယာဉ် ကိုအနောက်ကနေ ဝင်တိုက်မိသွားတာဖြစ်ပါတယ်”ဟု အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ထမ်းဆောင်နေသော
ကုန်းသာရဲကင်းမှ ဒုရဲအုပ် ကြည်လင်းထင် ပြောသည်။

ယာဉ်တိုက်မှုကြောင့် မှန်လုံယာဉ်မှာ လေကာမှန်နှင့် ကားဘယ်ဘက်ခြမ်းပျက်စီးသွားသော်လည်း မှန်လုံခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသည်များထိခိုက်မှုမရှိကြောင်းသိရှိရသည်။
::
ယင်းယာဉ်တိုက်မှုကြောင့် ရွှေလားရှိုးမှန်လုံယာဉ်နှင့် ယာဉ်မောင်းတို့အား သီပေါမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။

မြန်မာ့ခေတ် ::--
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment