Pages

Pages - Menu

Friday, April 4, 2014

မိုဘိုင်းလ်ဖုန်းဖြင့် သုံးနိုင်သည့် ကုတ်နံပါတ်သုံး ဘဏ်စနစ် စမ်းသပ်ပြီးဖြစ်ဟုဆို

RangonNewsDaily: April . 4 .2014
သမဝါယမဘဏ်က အကောင်အထည် ဖော်ထားသော Easi မိုဘိုင်းလ်ဘဏ် စနစ်တွင် USSD (ကုတ်နံပါတ်သုံး ဘဏ်စနစ်) ဖြင့် ငွေလွှဲပြောင်းခြင်းများ၊ ငွေလက်ကျန် စစ်ဆေးနိုင်ခြင်းများ ပြုလုပ်နိုင်ရန် စမ်းသပ်ဆောင်ရွက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါဘဏ်၏ နည်းပညာဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားသည်။
မိုဘိုင်းလ်ဘဏ်စနစ်တွင် ဖုန်းစာတိုပို့ခြင်း၊ USSD ကုတ်စနစ်ဖြင့် ငွေလွှဲခြင်းများ ပါဝင်ပြီး ယင်းစနစ်ဖြင့် ငွေလွှဲပြောင်းနိုင်ရန် စမ်း
သပ်ခြင်းအဆင့် (UAT− User Acceptance Test) ပြီးစီးပြီ ဖြစ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် လက်မှတ်ရေးထိုးရန်သာ ကျန်
ရှိတော့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပြည်တွင်းတွင် မိုဘိုင်းလ်ဘဏ်စနစ် အောင်မြင်နိုင်ရန် ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်ရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းရှင်

များက ပြောဆိုသည်။

ဘဏ်ဝန်ဆောင်မှုများနှင့် အလှမ်းဝေးသော ကျေးလက်နေလူထုများ အသုံးပြုနိုင်ရန် ပြည်တွင်းဘဏ်များကို မိုဘိုင်းလ်ဘဏ်စနစ် လုပ်ကိုင်ခွင့် ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက မတ်လ ၁၉ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားသည်။


သမဝါယမဘဏ်သည် လက်ရှိတွင် မိုဘိုင်းလ်ဘဏ်စနစ်တွင် ပါဝင်သော ဝန်ဆောင်မှုများ ဖြစ်သည့် ဘဏ်စာရင်း အချင်းချင်း ဖုန်းဖြင့် ငွေလွှဲပြောင်းခြင်း၊ MPU ကတ်စာရင်းနှင့် ငွေစုဘဏ် စာရင်းကို ချိတ်ဆက် အသုံးပြုခြင်း၊ ဖုန်းဖြင့် ဘဏ်စာရင်း လက်ကျန် စစ်ဆေးခြင်းများကို လုပ်ကိုင်လျက် ရှိပြီး သုံးစွဲသူ လေးထောင်ကျော် ရှိကြောင်း အဆိုပါဘဏ် အိုင်တီဌာန ဒုတိယအထွေထွေ မန်နေဂျာ ဦးဇေယျာအောင်က ဆိုသည်။


မိုဘိုင်းလ်ဘဏ်စနစ်ကို သမဝါယမဘဏ်လီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် အင်းဝဘဏ်တို့က လုပ်ကိုင်လျက်

ရှိသည်။

The Voice  , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment